Tuesday, August 14, 2018

"ရန်ကုန်မြို့ တရုတ်တန်းကို တရုတ်နိုင်ငံ အကူအညီဖြင့် ပြုပြင်မည်"


ရန်ကုန်မြို့ တရုတ်တန်း ရှိ တရုတ်ဘုံကျောင်းများ၊ လမ်း ဘေးပလက်ဖောင်းများ၊ လမ်းမီး တိုင်များကို တရုတ်နိုင်ငံ နန်နင်း မြို့တော်၏ အကူအညီဖြင့် ပြုပြင် မည်ဟု လသာမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးကျော်မင်း ဟန်က ပြောသည်။

ရန်ကုန်မြို့ တရုတ်တန်း (China Town) ကို ပြုပြင်မွမ်းမံ ရန် တရုတ်နိုင်ငံ နန်နင်းအုပ်ချုပ် ရေးအဖွဲ့က ကူညီမည်ဖြစ်ပြီး ပြု ပြင်မည့် အစီအစဉ်များကို နိုင်ငံ ခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီထံ တောင်းခံထား သည်။

‘‘အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့ တော်ဝန်ကို မေးကြည့်တော့ နန် နင်းဘက်က နိုင်ငံခြားရေးဝန်ကြီး ဌာနကတစ်ဆင့် စည်ပင်ကို ချိတ် ဆက်တာ၊ ဘုံကျောင်းတွေ ပြင် မှာပါတယ်။ ပလက်ဖောင်းတွေ ကောင်းအောင်၊ ဓာတ်တိုင်တွေ ကောင်းအောင် လုပ်မယ်ဆိုတာ တွေ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ အကြံပြုထားတာတော့ သိရတယ်’’ဟု ဦးကျော်မင်းဟန် ကပြောသည်။ တရုတ်တန်း (Chi-na Town) ပြုပြင်မွမ်းမံရေးနှင့်ပတ် သက်၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် တရုတ် ကုန်သည်ကြီးများအသင်း တာ ဝန်ရှိသူများက သြဂုတ် ပထမ ပတ်တွင် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။

‘‘နန်နင်းက တရုတ်တန်းကို ပြုပြင်ပေးမယ်လို့ပြောတဲ့အတွက် စည်ပင်ဘက်က ကျွန်တော်တို့ကို အကြံတောင်းပါတယ်။ ကျွန် တော်တို့က လမ်းပလက်ဖောင်းနဲ့ တိုင်တွေဘာတွေ လဲဖို့တောင်းဆို ခဲ့တယ်’’ဟု လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်ခဲ့ သည့် တရုတ်ကုန်သည်ကြီးများ အသင်း အထွေထွေအတွင်းရေး မှူး ဦးလှမင်းက ဆိုသည်။

တရုတ်တန်းကို ပြုပြင်မွမ်းမံ ရာတွင် တရုတ်တန်း မျက်နှာစာ လမ်းဖြစ်သည့် မဟာဗန္ဓုလလမ်း မကြီးရှိ လူနေတိုက်ခန်းများ ဆေး သုတ်ခြင်း၊ ပလက်ဖောင်းများ ပြု ပြင်ခြင်း၊ ဆက်သွယ်ရေးကြိုးများ နှင့် မီးကြိုးများကို Duck Line များဖြင့် စနစ်တကျ ပြန်လည် သွယ်တန်းခြင်း၊ လမ်းမီးတိုင်များ တပ်ဆင်ခြင်း၊ အမှိုက်ပုံများ စည်း ကမ်းတကျ ထားရှိခြင်း စသည် ဖြင့် တရုတ်တန်းကို ခေတ်မီသန့် ရှင်း သပ်ရပ်စေရေး မွမ်းမံဆောင် ရွက်မည်ဖြစ်သည်။

တရုတ်တန်းပြုပြင်ရာတွင် လိုအပ်သည့် အချက်များကို တရုတ်တန်းရပ်မိရပ်ဖများက တင်ပြပေးစေလိုကြောင်း၊ ထို တင်ပြချက်များကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော် ဝန်မှတစ်ဆင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အကြောင်းပြန် မည်ဖြစ်ပြီး ပြုပြင်မွမ်းမံရေးတွင် လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ကူညီ ဆောင်ရွက်မည်ဟု စည်ပင်သာ ယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက လုပ်ငန်းညှိ နှိုင်း အစည်းအဝေးတွင် ပြော ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်း စာတွင် ဖော်ပြထားသည်။

၂၀၁၈ တရုတ်နှစ်သစ်ကူး အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက် ရောက်ဖွင့်လှစ်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

သတင်း-ခင်ရူပါမော်
ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ပုံစာ-တရုတ်နှစ်သစ်ကူးပွဲတော်ကာလ အပြင်အဆင်များနှင့်တွေ့ရသော ရန်ကုန်မြို့ တရုတ်တန်း

0 comments:

Post a Comment