Monday, June 24, 2019

ယခင်က ပေးဆောင်နေရသော မီတာခနှုန်းထားနှင့် ယခု ပြင်ဆင်သတ်မှတ်လိုက်သော မီတာခနှုန်းထား ကွာခြားချက်


မီတာခများ နှုန်းထားပြင်ဆင်လိုက်ပါပြီ...။ အရင်တုန်းကနဲ့ အခုနှုန်းသစ် ဘယ်လို ကွာမလဲဆိုတာကို အကြမ်းဖျင်း တွက်ဆနိုင်ဖို့ တွက်ချက်မှု ဇယားပါ...။ 
အရင်က ၂၀၀၀ လောက်ကျနေတဲ့ အခြေခံလူတန်းစားအဖို့ ယခုနှုန်းသစ်အရ ၂၀၀၀ ကျပ်ကို ပါးပါးလေးပဲ ကျော်မှာပါ...။ 
အရင်က ၄၀၀၀ ကျော် ၅၀၀၀ လောက်ကျနေတဲ့သူအဖို့ ယခုနှုန်းသစ်အရ ၈၀၀၀ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်...။ 
အရင်က ၅၀၀၀၀ ပတ်ချာလည် ကျသင့်နေတဲ့ အိမ်အဖို့ကတော့ အခု တစ်သိန်းကျော်ကျသင့်မှာပါ...။ 
အောက်က ဇယားထဲမှာ မပါပေမယ့်... 
အရင်က ၇၀၀၀၀ ကျော် ကျသင့်နေသူတွေ ယခုနှုန်းအရ ၁၈၀၀၀၀ ဝန်းကျင် ကျသင့်မှာပါ...။ 
အရင်က တစ်သိန်းခွဲလောက် ကျသင့်နေသူကတော့ ယခုနှုန်းအရဆိုရင် သုံးသိန်းနဲ့ရှစ်သောင်းလောက် အထိကို ကျသင့်မှာ ဖြစ်ပါတယ် ခင်ဗျာ...။ 

#Paukkyaing Sahm

0 comments:

Post a Comment