Monday, June 24, 2019

၁၃ နှစ်ကြာ လေကြောင်းပြေးဆွဲမှု ရပ်တန့်ခဲ့သည့် မကွေးလေဆိပ် ရန်ကုန်-မကွေး-ရန်ကုန် ခရီစဉ်ဖြင့် ပြန်လည်ဖွင့်လှစ်


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ လေဆိပ်အာ ယနေ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် ဖွင့်ပွဲ ပြု လုပ်ပြီး ရန်ကုန်- မကွေး -ရန်ကုန် ခရီးစဉ်အဖြစ် ပြန်လည်စတင်ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။ 
လေကြောင်းခရီးစဉ်ပွင့်သွားပြီဖြစ်၍ နိုင်ငံခြားခရီးသွားများ၊ လုပ်ငန်းရှင်များနှင့် ပြည်တွင်း ခရီးသည်များအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက်ပါ အဆင်ပြေစွာဖြင့် အချိန်တိုအတွင်း ခရီးရောက် ကြတော့မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။ 
ပွဲဦးထွက်ခရီးစဉ်တွင် မကွေးဆိုက်ရောက်ခရီးသည်(၂၀) ဦး၊ မကွေးမှ ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည် (၁၁)ဦး ရှိခဲ့ပြီး ခရီးသည်ရရှိမှု မြင့်တက်လာနိုင်မည်ဟုမျှော်လင့်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဟိုတယ် လုပ်ငန်းရှင်များအသင်း (မကွေးဇုံ) ဥက္ကဋ္ဌ ဦးစံထွေး က iSee Media သို့ ပြောသည်။ 
မကွေးလေဆိပ်တွင် (၁၃)နှစ်ကြာရပ်ဆိုင်းထားခဲ့သည့် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့သဖြင့် နိုင်ငံပိုင်လေကြောင်း လိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က မူလခရီးစဉ် စစ်တွေ/အမ်း-ရန်ကုန် လမ်း ကြောင်းရှိခဲ့ရာမှ စစ်တွေ/အမ်း-မကွေး-ရန်ကုန် လမ်းကြောင်းအဖြစ်ပြေးဆွဲပေးရန်စီစဉ်ခဲ့ပြီး ယနေ့ ဇွန်လ (၂၅) ရက်နေ့မှ စတင်၍ တိုးချဲ့ပြေးဆွဲခြင်းဖြစ်ပြီး တစ်ပတ်လျှင် အင်္ဂါနှင့် စနေ (၂)ရက် ပျံသန်း ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆင့်မြှင့်တင်ပြုပြင်ခဲ့သည့် မကွေးလေဆိပ်တွင် လေယာဉ်(၆)စီး တစ်ပြိုင်တည်း အဆင်းအတက် ပြုလုပ်နိုင်သည့်အပြင် ညအချိန်တွင်ပါ လေယာဉ်အဆင်း၊ အတက်ပြုလုပ်နိုင်ပြီး ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လေကြောင်းခရီးများ ပျံသန်းပြေးဆွဲပေးခဲ့ရာမှ ၂၀၀၆ ခုနှစ်မှ ၂၀၁၉ခုနှစ် ဇွန်လ(၂၄)ရက်အထိ (၁၃)နှစ်ခန့် လေယာဉ်ပြေးဆွဲမှု ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ 
Isee Media


0 comments:

Post a Comment