Monday, June 3, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို


ချက်သမ္မတနိုင်ငံ Prague မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီစ် ကဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ဇွန်လ ၃ ရက်၊ နံနက် ဒေသစံတော်ချိန် ၁၀ နာရီခွဲတွင် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်ရုံး၌ကျင်းပသည်။ 
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂုဏ်ပြုကြိုဆိုပွဲ တက်ရောက်ရန် ၀န်ကြီးချုပ်ရုံးသို့ရောက်ရှိရာ ချက်သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာအန်ဒရီးဘားဘီစ်က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ချက် သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ က မြန်မာ-ချက် နှစ်နိုင်ငံနိုင်ငံတော်သီချင်း တီးမှုတ်ပြီးဂုဏ်ပြုသည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတ နိုင်ငံဝန်ကြီးချုပ် နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီးဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ၀န်ကြီးချုပ် မစ္စတာအန်ဒရီးဘားဘီစ်က ၄င်းနှင့်အတူကြိုဆိုကြ သည့် ချက် သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများအား မိတ်ဆက်ပေးရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ၄င်းနှင့်အတူအဖွဲ့ဝင်အဖြစ်လိုက်ပါလာကြသည့် ပြည်ထောင်စု ၀န်ကြီး များနှင့်တာဝန်ရှိသူများအား ပြန်လည်မိတ်ဆက်ပေးသည်။ 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ၀န်ကြီးချုပ် မစ္စတာအန်ဒရီးဘားဘီစ် တို့သည် ၀န်ကြီးချုပ်ရုံး၌ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြပြီး ဧည့်ခန်းမ၌သီးသန့်တွေ့ဆုံကြသည်။ 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်သမ္မတနိုင်ငံ ၀န်ကြီးချုပ် တို့သည် မြန်မာ-ချက်နှစ်နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။ 
နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-ချက်နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အ လာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ကို အရှိန်အဟုန်မြှင့်တင် သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြားကုန် သွယ်ရေးနှင့် ရင်းနှီးမြှပ့်နှံမှုအပါအ၀င် စီးပွားရေးအရပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြားတိုက်ရိုက် လေကြောင်းပျံသန်းပြေး ဆွဲနိုင်မည့် အလားအလာများရှာဖွေရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကဏ္ဍမြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များအကြား အပြန် အလှန်လည်ပတ်မှု မြှင့်တင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန်လည်းဖိတ်ကြားခဲ့သည်။ 
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်သမ္မတနိုင်ငံ ၀န်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားကြပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြား ကြသည်။ 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Hrzansky Palace၌ ချက် သမ္မတ နိုင်ငံဝန်ကြီးချုပ်ကတည်းခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။ 
နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Hrzansky Palace ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး သည်။ 
ယနေ့အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း နှင့် ဦးကျော်တင်၊ ချက် သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီ၄၅ မိနစ်က Prague မြို့ရှိချက်သမ္မတနိုင်ငံသမ္မတဟောင်း Mr. Vaclav Havel ၏ ဂူဗိမာန်၌ ဂုဏ်ပြုပန်းစည်း ချခဲ့သည်။ 







Credit - နိုင်ငံတော်အတိုင်ပင်ခံရုံး 
The Ladies News


0 comments:

Post a Comment