Wednesday, June 26, 2019

လျှပ်စစ်ဓါတ်အား ချွေတာ နိုင်သည့်နည်းလမ်းများကို အများပြည်သူ သိရှိနိုင်ရန် အစိုးရထုတ်ပြန်ပေး


လျှပ်စစ်ဓါတ်အားချွေတာ နိုင်သည့်နည်းလမ်းများကို အများပြည်သူသိရှိနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ 
ဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ယနေ့ ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာပေးခဲ့ခြင်းဖြစ်ပြီး မလိုအပ်သော မီးချောင်းများ မဖွင့်ရန်နှင့် နားထောင်ကြည့်ရှုသူ မရှိဘဲ တီဗီများ ဖွင့်မထားရန် အပါအဝင် အချက်များစွာပါဝင်သည်ကို တွေ့ရသည်။ 
ဇူလိုင် ၁ ရက်နေ့မှ စတင်ကာ လျှပ်စစ်ဓါတ်အား အသုံးပြုခကို တိုးမြှင့်ကောက်ခံမည်ဟု အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများအကြားဝေဖန်မှုများ မြင့်တက်နေခြင်းဖြစ်သည်။ 
ယခုတိုးမြှင့်လိုက်သော နှုန်းထားအရ မီတာခမှာ လက်ရှိကျသင့်နေခြင်းထက် နှစ်ဆကျော်ခန့်ကျသင့်တော့မည် ဖြစ်ရာ ပြည်သူများအကြား ထောက်ခံသူ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိနေသည်။ 
နဒီ
Isee Media 

0 comments:

Post a Comment