Wednesday, June 26, 2019

အနိုင်ရပါတီက ရွေးကောက်ပွဲကော်မရှင်အား ခန့်ထားသည့် စနစ်ကို ပြင်ဆင်ရန် SNLD အဆိုပြု


ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အား ခန့်ထားသည့် စနစ်ကို ပြင်ဆင်ရန် အဆိုပြု ထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းလိတ် က ပြောကြားသည်။ 
ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ SNLD ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ပြည်ခိုင်ဖြိုး အစိုးရလက်ထက်တွင် ရွေးကောက်ပွဲကော်မရှင်ကို ပြည်ခိုင်ဖြိုးအစိုးရက ခန့်ထားသလို NLD ပါတီ အာဏာရလာသည့် အခါတွင်လည်း အစိုးရကပင် ခန့်ထားသည်။ 
ဦးစိုင်းလိတ်က "အဓိက,ကတာ့ ရွေးကောက်ပွဲ အနိုင်ရတဲ့ အစိုးရက သာလျင် ခန့်ထားတဲ့ UEC မဖြစ်ဖို့ပေါ့နော်။ သမာသမတ်ကျပြီးတော့မှ ဘယ်ပါတီဝင်မှ မဟုတ်ခဲ့ဘူးဖူး။ သူကို ခန့်ထားမယ်ဆိုတဲ့အခါကျမှ မင်းပါတီက နှုတ်ထွက်ဆိုတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်။ နောက် လူထုကလေးစားရတဲ့ အငြိမ်းစားပုဂ္ဂိုလ်လိုဟာမျိုး။ နိုင်င်ငံတကာ ပညာရှင် အဲလိုမျိုးနဲ့ ဖွဲ့စည်းဖို့အတွက်ကို ဟိုအရင် ကတည်းက အဆိုပြုထားတာပါ။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၀- ၂၀၁၅ အစိုးရ တုန်းကလည်း ဒီအတိုင်းပဲ ကျွန်တော်ပြောခဲ့တယ်။ အခု ၂၀၁၅- ၂၀၂၀ ကြတော့လည်း ဒီအတိုင်းပဲ ထပ်ပြောတယ်" ဟုဆိုသည်။ 
လွှတ်တော်က ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီထဲတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား သုံးသပ်ရန် အဆိုပြုချက်များ ပါဝင်သည်ဟု တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။ 
လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွား မှုများကို ကြားနာစစ်ဆေး ဆုံးဖြတ်ရာတွင် ပြဿနာရပ်တိုင်းလိုလိုတွင် အာဏာရပါတီအား အနိုင်ပေးခဲ့သည့်အတွက် ပါတီများ၏ ဝေဖန်မှုကို ရင်ဆိုင်နေရသည်။ 
အောင်ရဲနောင် 
The Ladies News

0 comments:

Post a Comment