Tuesday, June 25, 2019

ကလေးသူငယ်အခွင့်အရေး အပြည့်အ၀ရရှိဖို့ ဆောင်ရွက်တာလို့ ၀န်ကြီးပြော


ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေဟာ ကလေးသူငယ်တွေရဲ့ အခွင့်အရေး အပြည့်အ၀ရရှိစေဖို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကိစ္စကတော့ နိုင်ငံသား ဥပဒေနဲ့သာ ကိုင်တွယ်မှာဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ 
ဒီနေ့ နေပြည်တော်က သင်္ဂဟ ဟိုတယ်မှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အဲဒီလို ဖြေကြားခဲ့တာပါ။ 

ဇွန်လ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး ဇွန်လ ၂၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ 

အဲဒီဥပဒေမှာ ကလေးသူငယ် မွေးစားခွင့်၊ အမွေဆက်ခံခွင့်နဲ့ပတ်သက်တဲ့ ဥပဒေပြဌာန်းချက်တွေမှာ နိုင်ငံသားဖြစ်ဖြစ်၊ မဖြစ်ဖြစ် မွေးစားခွင့်ပေးထားတဲ့ သဘောသက်ရောက်နေတာကြောင့် တခြား တည်ဆဲဥပဒေတချို့နဲ့ ဆန့်ကျင်နေသလို၊ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုပြီး ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ကန့်ကွက်တာဖြစ်ပါတယ်။ 

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကတော့ နိုင်ငံသားဖြစ်မှုကိစ္စဟာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်းသာ ဆောင်ရွက်မှာဖြစ်ပြီး ဥပဒေအနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ပြောလို့မရကြောင်း ဒီနေ့ ပြောပါတယ်။ 

RFA

0 comments:

Post a Comment