Tuesday, June 25, 2019

တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးဋ္ဌာနအသစ်ဖွဲ့စည်းရခြင်း အကြောင်းရင်း လဝက ဝန်ကြီး ရှင်းပြ


တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန အသစ်အား ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်များသို့ နိုင်ငံတော် သမ္မတမှသ၀ဏ်လွှာပေးပို့ထားကြောင်း သိရသည်။ 
ထိုသို့ ဖွဲ့စည်းရခြင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့ မှ ဆက်စပ်ဆောင်ရွက်ရာတွင် အကျိုးရှိသည့် လုပ်ငန်းများအား အချိန်နှင့် တပြေးညီလုပ်ဆောင်ရန်လိုအပ်ချက် အများကြောင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။ 
“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ပြည်ထောင်စု အစိုးရ အဖွဲ့တို့ ဆက်စပ်ဆောင်ရွက်တဲ့ အခါမှာ ပိုမို ပြီးတော့ မှ ထိရောက်တဲ့ ပိုမိုပြီေးတာ့ မှ မြန်ဆန်တဲ့ ပိုမိုပြီးတော့ မှ အကျိုးရှိတဲ့ လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ လုပ်နိုင်ဖို့ အတွက် ကို လိုအပ်ချက်အရ သမ္မတရုံးက ဖွဲ့တာဖြစ်ပါတယ်”ဟု ဦးသိန်းဆွေကပြောသည်။ 
ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးအတွက် အသုံးပြုမည့် မေးခွန်းပုံစံများထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
ယင်းဝန်ကြီးဌာနအားဖွဲ့စည်းမည့် ကိစ္စအား ဇွန်လ ၂၁ ရက်နေ့က မန္တလးတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်လည်း ဇွန်လ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးမှ အတည်ပြုလိုက်ကြောင်း သိရသည်။ 
ဝန်ကြီးဌာန အသစ်ကို ကရင်၊ချင်း၊ရခိုင်၊မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးလွှတ်တော်တွင် အသိပေးတင်ပြထားပြီး ကျန်သည့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များတွင်လည်း ယင်းဝန်ကြီးဌာန အသစ်ဖွဲ့စည်းမည့် ကိစ္စအား အသိပေးအတည်ပြုနိုင်ရေးအတွက် အရေးပေါ် အစည်းအဝေးများခေါ်ယူထားကြောင်း သိရသည်။
The Fifth Wave News 

0 comments:

Post a Comment