Monday, June 3, 2019

ကျောက်မီးသွေးတွင်း မတော်တဆမှုတွေကို အရေးယူဖို့ ပြည်ထောင်စုအစိုးရကို တင်ပြသွားမည်


တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်း မတော်တဆမှုတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ချင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောပါတယ်။ 
ကျောက်မီးသွေးတူးဖော်ခွင့် လုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်တာဖြစ်တဲ့အတွက်ကျောက်မီးသွေးတွင်း မတော်တဆမှုတွေနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က ကိုင်တွယ် ဖြေရှင်းလို့မရဘဲ ပြည်ထောင်စုအစိုးရကို တင်ပြရမှာဖြစ်ပါတယ်။ 
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းခွင်တွေကို သွားရောက်ပြီး ကြည့်ရှုစစ်ဆေးတာတွေ၊ လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတွေ၊ အလုပ်ရှင်အလုပ်သမားပြဿနာနဲ့ ပတ်သက်တာတွေကို အသိပညာပေး ဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။ 

အခုလိုအသိပညာပေးတာတွေကို ဆောင်ရွက်နေတဲ့ကြားက မတော်တဆမှုဖြစ်လာတဲ့အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးလာလ်ထောင်ထန်းက ပြောပါတယ်။ 

၂၀၁၇နဲ့ ၂၀၁၈ခုနှစ်အတွင်းကလေးနဲ့ကလေးဝမြို့နယ်တွေက ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ငန်းခွင် မတော်တဆမှုတွေ ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ မေလကလည်း ကျောက်မီးသွေးတွင်း မတော်တဆမှု(၃)ကြိမ် ဖြစ်ပွားခဲ့ပြီး လူ(၆)ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။ 






သတင်း - အောင်ကျော်ညွန့်
One News Myanmar 

0 comments:

Post a Comment