Monday, June 3, 2019

ဦးဝီရသူအတွက် ဆုတောင်းပွဲ ထားဝယ်မြို့ပေါ်တွင် ပြုလုပ်


နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော်ဦးဝီရသူအပေါ် အပြစ်ဒဏ်လျော့ နည်းစေရေးအတွက် ရည်ရွယ်၍ ဆုတောင်းပွဲကို ဇွန် ၃ ရက်က ထားဝယ်မြို့တွင် ပြုလုပ်ခဲ့သည်။ 
ဗုဒ္ဓသာသနာတော်၊ ပြည်သူ ပြည်သားများ၊ ရပ်ကွက်၊ မြို့၊ တိုင်း၊ နိုင်ငံတော်တို့အတွက် ကောင်းမွန်စေရန်နှင့် ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့သခြင်းဖြစ်ကြောင်း ဆုတောင်းပွဲ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ပန်းသုံးဝကျောင်းဆရာတော် ဦးကုသလက မိန့်ကြားသည်။ 
"တစ်နိုင်ငံလုံးရဲ့ မျိုးချစ်၊ ဘာသာချစ်၊ သာသနာချစ်ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ (ဆရာတော် ၀ီရသူ) အခုလတ်တလောပြစ်ဒဏ်ခံရ မယ့် ၀ရမ်းထုတ်ထားတဲ့ဟာမှာ ဆရာတော် အပြစ် ဒဏ်သက်ရောက်မှုတွေ လျော့နည်းပါစေအဲဒီလို ရည်ရွယ်ပြီး ဆုတောင်းမေတ္တာပို့သတဲ့ပွဲဖြစ်ပါတယ်"ဟု ဦးကုသလကမိန့်ကြားသည်။ 
ဆုတောင်းပွဲကို ပန်းသုံးဝကျောင်းနှင့် ဘုရားကြီးဝင်းအတွင်းရှိ ရွှေတောင်စားစေတီရင်ပြင်တွင် ပြုလုပ်ခဲ့ပြီး ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ် ရာချီ ပါဝင်ဆုတောင်းခဲ့ကြသည်။ 

သတင်း - Dawei Watch
The Standard Time Daily 


0 comments:

Post a Comment