Monday, June 3, 2019

ဆုံးမသြ၀ါဒပေးမှုကို မလိုက်နာပါက သံဃာ့အဖွဲ့အစည်း ဥပဒေဖြင့် ဦးဝီရသူကို ထပ်မံတရားစွဲမည်

ဦးဝီရသူအနေဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က ခေါ်ယူဆုံးမသြဝါဒပေးမှုကို လိုက်နာခြင်းမရှိပါက သံဃာ့အ ဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ ဖြင့် ထပ်မံတရားစွဲဆို မည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ 
ဦးဝီရသူကို ရန်ကုန်အ နောက်ပိုင်းခရိုင် တရားရုံးတွင် ပုဒ်မ ၁၂၄(က)ဖြင့် ဒုခရိုင်အုပ် ချုပ်ရေးမှူး ဦးစန်းမင်းက ဦးတိုက် လျှောက်ထားတရားစွဲဆိုခဲ့သည့် ကိစ္စရပ်များနှင့် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ခေါ်ယူ သြဝါဒပေးရန် ပင့်လျှောက်ထား သည့်ကိစ္စရပ်များသည် သီးခြား စီဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သောကြောင့် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က မေလ ၂၉ ရက်တွင် ခေါ်ယူသြဝါဒပေးမည့် ကိစ္စအား အခြေအနေအရဆိုင်းငံ့ ထားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 
ထို့အပြင် ဦးဝီရသူအနေဖြင့် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ က ခေါ်ယူ၍ ဆုံးမသြဝါဒပေးမည့် ရက်ကို အကြောင်းညီညွတ်သည့် အချိန်တွင် ထုတ်ပြန်ပေးမည်ဟု ပါရှိသည်။ 
ထို့အပြင် ဦးဝီရသူသည် ဧပြီ ၂၉ ရက်တွင် တနင်္သာရီတိုင်းဒေ သကြီး မြိတ်မြို့ရှိ အရှေ့သိမ်ကွင်း နှင့် မေလ ၅ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာ ဗန္ဓုလပန်းခြံရှေ့တို့၌ ပြုလုပ် သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၆(စ)ကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ် ပွဲတို့တွင် ဟောပြောခဲ့သည့်ဟော ပြောချက်များသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ဖြင့် ငြိစွန်း ကြောင်း စိစစ်တွေ့ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 
ဦးဝီရသူကို လူမှုရေးကိစ္စ များ၌ ပါဝင်ဆောင်ရွက်မှုမပြုရေး မေလ ၃၀ရက်တွင် ရန်ကုန်မြို့၌ ခေါ်ယူဩ၀ါဒပေးရန် ရန်ကုန် တိုင်းသံဃနာယကအဖွဲ့က စီစဉ် ထားသော်လည်း အခြေအနေအရ ဆိုင်းငံ့ထားကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၉ ရက်တွင် ထုတ်ပြန်ထား သည်။ 
ဦးဝီရသူကို အနောက်ပိုင်း ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ် ထားပြီး အဆိုပါဝရမ်းကို ယနေ့ (ဇွန်လ ၄ရက်)တွင် တရားရုံးသို့ ဝရမ်းပြန်အပ်ရမည်ဖြစ်သည်။ 
တရားခံနှင့် အတူဝရမ်းပြန် သွင်းလာပါက အမှုဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး၏ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒုခရိုင်တရားသူကြီး(၃) ဦးမင်း သန့်က ပြောသည်။ ရဲတပ်ဖွဲ့က ဝရမ်းပြန်သွင်းရာတွင် တရားခံပါ လာခြင်း ရှိ၊မရှိ သိရှိပြီးမှသာ မည်သို့လုပ်ဆောင်မည်ကို ပြော ကြားနိုင်မည်ဖြစ်ကြောင်း ဦးမင်း သန့်က ပြောသည်။ 
ထွက်ပြေးမည်မဟုတ်၊ အ ဖမ်းခံမည်ဟု ပြောဆိုထားသည့် ဆရာတော်ဦးဝီရသူသည် ဝရမ်း ထုတ်ခံရပြီး တစ်ပတ်ခန့်ကြာ ယမန်နေ့ထိ ထွက်ပေါ်မလာသေး ပေ။

7Day

0 comments:

Post a Comment