Monday, June 3, 2019

လယ်ယာလုပ်ငန်းကို စွန့်ပြီး ရန်ကုန်မြို့ အထည်အချုပ်စက်ရုံ ရောက်နေသည့် ကလေးများအားလုံး မတန်သည့် လစာရနေဟုဆို


လယ်ယာလုပ်ငန်းကိုစွန့်လွှတ်ပြီး ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံများသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးများအားလုံး မတန်သည့်လစာကိုသာရနေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးခင်ရီက ပြောကြားသည်။ 
ပြီးခဲ့သည့် ဇွန်လ ၁ ရက်က မြောင်းမြမြို့နယ် သိလ္လာဂါတ်စု ကျေးရွာဘောလုံးကွင်းတွင်ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ဦးခင်ရီက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 
“ကျွန်တော်တို့ဆီမှာရှိတဲ့လုပ်သားတွေက လုပ်တော့ လုပ်တက်တယ် သို့သော်လည်း အသိအမှတ်ပြုတဲ့လက်မှတ်မရှိတဲ့ အတွက်ကြောင့် ထိုက်သင့်တဲ့လစာမရဘူး ဥပမာ-ပန်းရံတွေဆိုပါစို့ ရန်ကုန်မြို့မှာ အဆောက်အဦးဆောက်မယ် ဟိုတယ်ကြီး တွေဆောက်မယ် နိုင်ငံခြားကလူတွေ လာပြီးဆောက်တယ် ပန်းရံတွေလိုတယ် ကျွန်တော်တို့ဆီက ပန်းရံတွေက အင်မတန် ကျွမ်းကျင်တယ် မျက်စိမှိတ်လုပ်လို့ရတယ် သန်လျက်ကိုင် အင်မတန်ကျွမ်းကျင်တယ် သို့သော် နိုင်ငံတကာအသိအမှတ်ပြုတဲ့ လက်မှတ်မရှိတဲ့အတွက်ကြောင့် သူ့ကို တစ်ဆယ်ပေးရမှာ တစ်ကျပ်ပဲပေးတယ် ဒီလိုပဲ အထည်ချုပ်စက်ရုံမှာကလေးတွေ Aအဆင့်လုပ်သားဆိုရင် တစ်လကို တစ်သိန်းခွဲလောက် ပေးရမယ့်အစား လက်မှတ်မရှိတော့ လေးငါးသောင်းပဲပေးရတယ် အခုလယ်ယာလုပ်ငန်း ကိုစွန့်ပြီးတော့ ရန်ကုန်မြို့မှာ အထည်ချုပ် စက်ရုံကိုရောက်နေတဲ့ကလေးတွေအားလုံးက မတန်တဲ့လစာ ကိုရတယ်”ဟု ဦးခင်ရီက ပြောသည်။ 
အလုပ်အကိုင်နှင့်ပတ်သက်၍ လတ်တလောတွင် ဒေသတွင်း အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်နှင့်အညီ စီမံဆောင်ရွက်နေကြောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ နိုင်ငံတော်အစိုးရ၏ အသက်မွေးဝမ်းကျောင်း ပညာကျောင်းနှင့် ချိတ်ဆက်ပေးပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များရအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ဦးခင်ရီကဆိုသည်။ 
“ကျွန်တော်တို့ပါတီဦးဆောင်ပြီးချိတ်ဆက်ပေးမယ် ပြီးတော့ အဲ့ဒီပုဂ္ဂိုလ်တွေကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်တွေ ရအောင် ကျွန်တော်တို့လုပ်ပေးမယ် အဲ့ဒီလက်မှတ်ကိုင်ထားပြီး လို့ရှိရင် ဒီမှာလုပ်လို့ရတယ် နိုင်ငံခြားထွက်လဲရတယ် ဒီလက်မှတ်ကြောင့် ရသင့်ရထိုက်တဲ့ လစာအပြည့်ရမယ် ဒါသင်တန်း တက်နေတဲ့သူတွေ သင်တန်းမတက်နိုင်တဲ့ သူတွေအတွက် လုပ်သားရှိတဲ့နေရာလိုက်ပြီးသင်ပေးတဲ့ဟာမျိုး ဥပမာမော်တော်ဆိုင်ကယ် ပြင်တဲ့ဟာမျိုးတို့ ဒါတွေကို ကားကြီးတွေနဲ့ပစ္စည်းတွေထည့်ပြီးတော့ အဲ့ဒီလိုလွှတ်ပြီး ပညာတွေသင်ဖို့စီမံနေတယ်”ဟု ဦးခင်ရီက ဆက်လက်ပြောကြား ခဲ့သည်။ 
The Ladies News

0 comments:

Post a Comment