Monday, June 3, 2019

ရန်ကုန် - စစ်တွေ ခရီးသည်တင်ယာဉ် လမ်းချော်တိမ်းမှောက်



မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီး မိုင်တိုင်အမှတ်(၂၀၃)နားမှာ ဇွန် (၃)ရက် ညနေ(၅)နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်မောင်း ကိုအောင်လွင်မောင်းနှင်လာတဲ့ အဲဒီခရီးသည်တင်ယာဉ်ဟာ ရန်ကုန်ကနေ စစ်တွေမြို့ကို မောင်းနှင်လာစဉ် မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီးမှာ လမ်းချော်တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်(၁၃)ယောက်ထဲက အမျိုးသမီးကြီးတစ်ယောက် ကျောအောင့် ဒဏ်ရာရရှိခဲ့တာကြောင့် နီးစပ်ရာဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားချိန်မှာတော့ မဲဇလီကျေးရွာသားတွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက လာရောက်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ မိုးရွာသွန်းပြီးစအချိန်တွေမှာ ပုသိမ်-မုံရွာလမ်းပိုင်း ကံမ-မင်းတုန်းလမ်းတစ်လျှောက် လမ်းဘေး ပုခုံးသား မြေစေးတွေကြောင့် လမ်းချော်နိုင်လို့ သတိထားမောင်းနေရတယ်လို့ ယာဉ်မောင်းတွေက ပြောဆိုနေကြပါတယ်။ 
  
သတင်း - အောင်ကျော်သူ 
One News Myanmar 


0 comments:

Post a Comment