Monday, June 3, 2019

အပူရှိန်မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းကျောင်းများတွင် စာသင်ချိန်ပြောင်းရွှေ့


အပူရှိန် မြင့်တက်နေသည့် အတွက် စာသင်ချိန်ကို ပြောင်းရွှေ့သင်ကြားပေးကြရန် စစ်ကိုင်းတိုင်းပညာရေးမှူးရုံးက အခြေခံပညာကျောင်းများထံ အသိပေးညွှန်ကြားထားကြောင်း သိရသည်။ 
မူလစာသင်ချိန်ဖြစ်သည် မနက် ၉ ညနေ ၃ခွဲအစား မနက် ၇ မှ နေ့လယ် ၁၂နာရီအထိ ဖြစ်သည်ဟု တိုင်းပညာရေးမှူးရုံးမှ ထုတ်ပြန်လိုက်သော ညွှန်ကြားစာအရ သိရသည်။ 

စစ်ကိုင်းတိုင်းအတွင်းမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးမိုးကျော်သူက အောက်ပြည်အောက်ရွာမှာက မိုးတွေ ရွာနေပြီဖြစ်ပေမယ့် ဒီမှာက မိုးက မမှန်သေးဘူး။ နောက်ပြေးတော်တော်ပူနေသေးတယ်။ တိုင်းအစိုးရ တိုင်းပညာရေးမှူးရုံးတို့က ကလေးတွေ စာသင်တဲ့အခါ သက်သာအောင် စီစဉ်ပေးလိုက်တဲ့ သဘောပါဟု ၎င်းက ရှင်းပြသည်။ 

မိုးလေ၀သ နှင် ဇလဗေဒညွှန်ကြားမှုဦးစီးစီးဌာနက ထုတ်ပြန်သည့် သတင်းများအရ ဇွန်လ ၃ ရက်နေ့ အတွက် စစ်ကိုင်းတိုင်းမြို့တော်၏ အမြင့်ဆုံးနေ့အပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ 

ဇွဲခန့်
Isee Media 

0 comments:

Post a Comment