Monday, June 3, 2019

သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


သိန္နီမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
ဇွန် ၂ ရက် ၀၉၄၅ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သိန္နီမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် ဆန်းမင်း(ခ)အုတ်ကျိုး မောင်းနှင်ပြီး အငယ်လေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၂၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာနေ မယီရှမ်း(ခ)အားရှန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၁၄၀၀ အချိန် သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရောင်းချပေးသူ တစ်ရွာတည်းနေ မရှင်းမေ၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ မိခင်ဖြစ်သူ ဒေါ်ရွှေလန် ကိုင်ထားသည် အထုပ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၃၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဆန်းမင်း(ခ)အုတ်ကျိုး(၃၁)နှစ်၊ အငယ်လေး(၃၄)နှစ်၊ မယီရှမ်း(ခ)အားရှန်(၄၅)နှစ်၊ ဒေါ်ရွှေလန်(၅၇)နှစ်နှင့် မရှင်းမေ(၂၇)နှစ်(ဖမ်းမမိသေး)တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

Credit - ရဲဇာနည် 
The Ladies News

0 comments:

Post a Comment