Monday, June 3, 2019

သံဃာတော်များ တောက်တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်မည်ဟု ဦးဝီရသူထောက်ခံသူများပြော


အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူကို စွဲဆိုထားသည့်အမှု ရုတ်သိမ်းပေးစေချင်ပြီး သံဃာတော်များ 'တောက်' တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်ဖြစ်ကြောင်း ထောက်ခံသူများကိုယ်စား ဆရာတော် အရှင်ဣန္ဒဝီရ (လှည်းကူး)က မိန့်ကြားသည်။ 
ယနေ့ညနေပိုင်းက မန္တလေးမြို့၊ ကုသိုလ်တော်ဘုရားတွင် ပြုလုပ်သည့် ဦးဝီရသူ(မစိုးရိမ်)အတွက် ဆုတောင်းပွဲအပြီးတွင် ထောက်ခံသူများကိုယ်စား ပြောရေးဆိုခွင့်ရရှိထားသည့် ဆရာတော်က သတင်းမီဒီယာများသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။ 
ဦးဝီရသူကို မတရားဖိနှိပ်ကာ ပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ပြန်ထားသည်ကို မကျေနပ်သည့်အတွက် ဆုတောင်းပွဲကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။ 
" မတရားတာချည်းပဲ၊ မတရားတဲ့အစိုးရ အုပ်ချုပ်နေတဲ့အချိန်မှာတော့ ကောင်းတဲ့သူတွေက ထောင်ထဲရောက်မှတော့ အထူးအထွေ ပြောစရာ မလိုပါဘူး " ဟု ၎င်းက ဆိုသည်။ 
အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံရခြင်းနှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူက တပည့်များအပေါ် တစ်စုံတရာ အထွေအထူး မိန့်ကြားထားခြင်းမရှိဘဲ ရှရှားလူမှုကွန်ရက် VK တွင် မိန့်ကြားထားသည့်အတိုင်းသာ ဖြစ်ကြောင်း အရှင်ဣန္ဒဝီရ(လှည်းကူး)က မိန့်သည်။ 
" ရန်ကုန်က သံဃနာယကက ဆင့်ခေါ်မှ၊ ဓမ္မစက်နဲ့ အရင်ဆုံး ခံပြီးတော့မှ အာဏာစက်နဲ့လို့ ဆရာတော်က ပြောထားတာပဲ " ဟု ဆရာတော်က ထပ်လောင်း မိန့်ဆိုသည်။ 
ဦးဝီရသူအတွက် ဆုတောင်းပွဲကို မန္တလေးမြို့တွင် သံဃာတော်များ ဦးဆောင်၍ လူဦးရေ သုံးရာခန့်ဖြင့် ဆုတောင်းခြင်းသည် ပထမဆုံးဖြစ်ပြီး မေလ ၃၁ ရက်နေ့ကလည်း အနီးနေတပည့် တစ်ရာခန့်က ဆုတောင်းပွဲ ပြုလုပ်ခဲ့သေးသည်။ 
မန္တလေးမြို့ရှိ အနီးနေတပည့်များက ဆရာတော်အတွက် ဆုတောင်းပွဲများကို အိမ်တော်ရာဘုရား၊ ကုသိုလ် တော်ဘုရားနှင့် အိမ်တော်ရာဘုရားတို့တွင် ပြုလုပ်ပေးခဲ့ကြောင်း တပည့်တစ်ဦးဖြစ်သည့် ဦးနိုင်က ပြောကြားသည်။ 
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မစိုးရိမ်တိုက်သစ်နေ ဆရာတော် ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး အနောက်ပိုင်းခရိုင်တွဲဖက် တရားသူကြီး ဦးကျော်ကျော်က ရာဇသတ်ကြီး အမှုအမှတ် ၄၇/၂၀၁၉ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 
ဦးဝီရသူကို စွဲဆိုသောပုဒ်မမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြစ်ပြီး အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်လျှင် ငွေဒဏ်နှင့်အတူ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အမြင့်ဆုံး ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။ 
ဦးဝီရသူနေထိုင်သည့် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးထံ သက်ဆိုက်ရာတရားရုံးမှ တိုက်ရိုက်ဝရမ်းချပေးသည့်အတွက် မေလ ၂၉ ရက်နေ့က သွားရောက်ရှာဖွေ ဖမ်းဆီးရာ တိမ်းရှောင်နေသဖြင့် ဖမ်းမမိခဲ့ပေ။ 
ဆရာတော် ဦးဝီရသူကို တရားရုံးသို့ တင်ပို့ရန် ဝရမ်းထုတ်ပေးထားသည့် နောက်ဆုံးနေသည့် ဇွန်လ ၄ ရက်နေ့ ဖြစ်ပြီး ဆရာတော်နေထိုင်ရာ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းတိုက်သို့ ယနေ့အထိ ပြန်လာခြင်း မရှိကြောင်း အနီးနေတပည့်များထံမှ သိရသည်။
ထိုင်းမိဖုရား၏ ကိုယ်ရေးရာဇ၀င်ကို တရားဝင်ထုတ်ပြန် 



The Voice Journal 

0 comments:

Post a Comment