Monday, June 3, 2019

ဦးဝီရသူကို သံဃနာယကအဖွဲ့က နောက်တစ်ကြိမ် ပင့်ဆောင်ဆုံးမဦးမည်၊ မလိုက်နာပါက သံဃအဖွဲ့ဆိုင်ရာဥပဒေဖြင့် တရားစွဲမည်ဟုဆို


နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော် ဦးဝီရသူ(အရှင် ဝိစိတ္တာဘိဝံသ)ကို ရန်ကုန်တိုင်းဒေသကြီး၊ သံဃမဟာနာယကအဖွဲ့က ဩဝဒါပေးရန် ထပ်မံပင့်ခေါ်ဦးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။ 
ဦးဝီရသူကို ဆုံးမဩဝါဒပေးရန် ပထမအစီအစဉ်ကို အခြေအနေများအရ ဆိုင်းငံ့လိုက်ခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံပင့်ဆောင်ဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အကယ်၍ လိုက်နာခြင်းမရှိပါက သံဃအဖွဲ့အစည်းဆိုင်ရာဥပဒေ အမှတ် ၂၀/၉၀ ဖြင့် တရားစွဲမည်ဟု ဆိုသည်။

The Voice Journal 

0 comments:

Post a Comment