Monday, June 3, 2019

ထိုင်း စစ်အစိုးရ ဆန့်ကျင်သူတစ်ဦး တိုက်ခိုက်ခံရပြန်

ထိုင်းနိုင်ငံမှာ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာကို ဆန့်ကျင်သူတစ်ဦးကို မနေ့က အမျိုးအမည်မသိ လူအုပ်စု တစ်စုက တိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 
တနင်္ဂနွေနေ့ ညက ရွေးကောက်ပွဲအနိုင်ရ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ဒီသီတင်းပတ်အတွင်း မူလရာထူးခန့်အပ်ရေးကိစ္စ မဲမပေးကြဖို့ လွှတ်တော်အမတ်တွေကို တောင်းဆိုရေးအတွက် စီစဉ်နေစဉ်အတွင်း တိုက်ခိုက်ခံရတာပါ။ ဒဏ်ရာမပြင်းထန်ပေမယ့် ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။ 
  
ပြီးခဲ့တဲ့ မေလကလည်း စစ်တပ်ကိုဝေဖန်သူ နှစ်ဦး တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ တိုက်ခိုက်သူတွေ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း စစ်အစိုးရဆန့်ကျင်သူ ခြောက်ဦး ပျောက်ဆုံးသွားခဲ့ရာမှာ အခုထိ ရှာမတွေ့တော့လို့ အသတ်ခံလိုက်ရပြီလို့ ယူဆနေကြပါတယ်။

RFA

0 comments:

Post a Comment