Monday, June 3, 2019

ပလက်ဝဒေသတွင်းရှိ ကျေးရွာများအတွက် သယ်ဆောင်လာသည့်ဆန်အိတ် ၁၂၀ ကျော်နှင့်ကုန်ပစ္စည်းများကို AA လက်နက်ကိုင်အဖွဲ့မှ ယူဆောင်


တာဝန်ကျရာစာသင်ကျောင်းများတွင် သွားရောက်တာဝန်ထမ်းဆောင်ရန်လိုက်ပါလာသည့် ဆရာ ဆရာမများအပါအ၀င် ဓမ္မအမှုတော်ဆောင်များ လိုက်ပါစီးနင်း လာသည့် ခရီးသည်တင်စက်လှေကို ဇွန်လ ၃ ရက် ညနေပိုင်းက အင်အား ၄၀၀ ကျော်ရှိသည့် အေအေလက်နက်ကိုင်အဖွဲ့များမှပလက်ဝနှင့် ၁၀ မိုင်အကွာတွင်ရှိသော လောင်းတင်ရွာနှင့် ကျီးလေကျေးရွာအနီးတွင်ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။ 
''စက်လှေပေါ်တွင်လိုက်ပါလာတဲ့ဆရာ၊ဆရာများနှင့်ဓမ္မအမှုတော်ဆောင်အပါအ၀င်ခရီးသည်တွေကို လှေပေါ်မှဆင်းခိုင်းပြီးတစ်နေ့ကုန်ဆန်အိတ်တွေကိုသယ်ဆောင်ခိုင်းတယ်။ ခရီးသည်တင်လှေကိုမတားစီးခင်မှာသူတို့က ကုန်တင်သယ်ဆောင်လာတဲ့ စက်လှေတစ်စီးကို တားထားတာတွေ့ရတယ်။ ပြီးတော့လှေထဲမှာ ဆန်အိတ် ၁၂၀ကျော်နှင့် ကုန်ပစ္စည်းတွေအားလုံးသူတို့ယူသွားကြတယ်။ဆရာမတွေလည်း တာဝန်ကျတဲ့ရွာတွေကို မသွားရဲတော့ပဲ ဒီမနက်ပလက်ဝမြို့ကိုပြန်ရောက်လာကြတယ်'' လို့ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာန ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။ 

ဖမ်းဆီးခေါ်ဆောင်သွားသည့်စက်လှေလိုင်းပေါ်တွင် လိုက်ပါလာသည့်ခရီးသည် (၁၉) ဦးထဲတွင် ကျောင်းဆရာ၊မ လေးဦးနဲ့ ခရစ်ယာန်အမှုတော်ဆောင် ၃ ဦးပါဝင်ပြီး ဒီကနေ့ဇွန်လ (၄)ရက်မနက်၅နာရီခွဲတွင်ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။


ကိုမိုး ( အကုန်သိသတင်းဌာန ) 

0 comments:

Post a Comment