Wednesday, June 26, 2019

ရွှေ့ပြောင်းပြဿနာ ဖြေရှင်းရန် ဒေါ်လာ ၄ ဘီလျံခွဲ ကူညီရေး ဥပဒေကြမ်း ကန်အောက်လွှတ်တော် ခွင့်ပြု



အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက် ရွှေ့ပြောင်းလာသူတွေ မြင့်တက်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ အကူအညီပေးရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က ဇွန်လ ၂၅ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ 
ပြည့်ကျပ်နေတဲ့ စခန်းတွေအတွင်း ကလေးငယ်တွေဟာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အဲဒီခွင့်ပြုငွေထဲမှာ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းလာသူတွေအတွက် ကောင်းမွန်တဲ့ ဝန်းကျင်သစ်တွေ ဖန်တီးရေးလည်း ပါဝင်ပါတယ်။ 

အဲဒီဥပဒေကြမ်းကို ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က ထောက်ခံမဲ ၂၃၀ ကန့်ကွက်မဲ ၁၉၅ မဲနဲ့ အတည်ပြုခဲ့တာပါ။ 

ဒါပေမယ့် ဥပဒေကြမ်း အနာဂတ်က မရေရာလှပါဘူး။ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်က သူတို့ကိုယ်ပိုင် ဥပဒေကြမ်း ပြုစုနေပြီး သမ္မတ ထရမ့်ကလည်း အောက်လွှတ်တော် ဥပဒေကြမ်းကို ပယ်ချမယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။ 


အိမ်ဖြူတော် တာဝန်ရှိသူတွေက အောက်လွှတ်တော် ဥပဒေကြမ်းဟာ အစိုးရရဲ့ နယ်စပ်လုံခြုံရေး ကြိုးပမ်းမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

DVB 


0 comments:

Post a Comment