Tuesday, June 25, 2019

ကော့သောင်းမြို့တွင် စစ်ရေယာဉ်မှ တရားမ၀င်ငါးဖမ်းလှေများဖမ်းဆီးရမိ


၂၁-၆-၂၀၁၉ရက်နေ့ ၂၃၁၅ အချိန်ခန့် ကော့သောင်းမြို့၊ ရေတပ်မှ ဗိုလ်ကြီး ဇော်မျိုးကိုကို ဦးစီးအဖွဲ့သည် စစ်ရေယာဉ်အမှတ်(၄၂၅)ဖြင့် ရေပြင်စိုးမိုးရေးဆောင်ရွက်နေစဉ် ကြံ့ချိုကျွန်း၏ အနောက်မြောက်(၅)မိုင်ခန့်အကွာတွင် မသင်္ကာဘွယ်တွေ့ရှိသော လှေပဲ့နင်း လှိုင်ဝင်း(၃၇)နှစ်ပါ (၇)ဦး၊ ကြံ့ချိုကျွန်း၏မြောက်ဘက်(၄)မိုင်ခန့်အကွာတွင် လှေပဲ့နင်း အောင်မင်းနိုင်(၃၈)နှစ်ပါ(၇)ဦး၊ ပလော်ဂျွန်လိုကျွန်း၏အနောက်မြောက်ဘက်(၂)မိုင်ခန့်အကွာတွင် လှေပဲ့နင်း သန်းထိုက်(၄၀)နှစ် ပါ(၇)ဦး၊ ပလော်ဂျွန်လိုကျွန်း၏မြောက်ဘက်(၂)မိုင်ခန့်အကွာတွင် လှေပဲ့နင်း ကိုကိုဦး(၃၉)နှစ်ပါ (၇)ဦးတို့၏ ငါးဖမ်းလှေများအားစစ်ဆေးရာ တရားဝင်ငါးဖမ်းလုပ်ငန်းလိုင်စင်မရှိသဖြင့် ဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ ၂၄-၆-၂၀၁၉ရက်နေ့တွင် လွှဲပြောင်းပေးအပ်ပြီး ကော့သောင်းမြို့မရဲစခန်းတွင် အသီးသီးအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပါသည်။ 


တနင်္သာရီတိုင်းရဲတပ်ဖွဲ့
အကုန်သိသတင်းဌာန 

0 comments:

Post a Comment