Tuesday, June 25, 2019

G20 အစည်းအဝေးတွင် ဟောင်ကောင်ကိစ္စများအကြောင်း ဆွေးနွေးခံမည်မဟုတ်ဟု တရုတ်ဝန်ကြီး ပြော


မကြာမီကျင်းပတော့မယ့် G20 ထိပ်သီးအစည်းအဝေးမှာ ဟောင်ကောင်အရေးကိစ္စများအကြောင်း ဆွေးနွေးလာမှာကို မိမိတို့အနေဖြင့် လက်ခံခွင့်ပြုမှာမဟုတ်ကြောင်း တရုတ်ရဲ့ နိုင်ငံခြားရေး တွဲဖက်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။ 
တရုတ်ပြည်မကြီးမှာ လူသတ်ပြီး ထွက်ပြေးတိမ်းရှောင်လာမှု ဖြစ်ပွားခဲ့တဲ့နောက်မှာ ထောင်ဒဏ် ၇ နှစ် နဲ့အထက် ထိုက်တဲ့ ပြစ်မှုများဖြင့် ဟောင်ကောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ပြည်မကြီးမှ တောင်းဆိုပါက လွှဲပြောင်းပေးဖို့ လိုလားတဲ့ အမတ်အချို့က ဥပဒေမူကြမ်းရေးဆွဲခဲ့ပါတယ်။ 
၎င်းဥပဒေမူကြမ်းနဲ့စပ်လျဉ်းပြီး ဟောင်ကောင်ကျွန်းမှာ စိုးရိမ်၊ မသင်္ကာမှုတွေ တိုးလာခဲ့ရာ ကျွန်းသား ၈ သန်းခန့်ရှိတဲ့အနက် ၂ သန်းနီးပါးဟာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိ အရှိန်အဟုန်ပြင်းထန် ခဲ့ပါတယ်။ ထို့နောက်မှာတော့ မူကြမ်းဟာ ဆိုင်းငံ့ခံလိုက်ရပါတယ်။ 
မကြာမီကျင်းပတော့မယ့် G20 အစည်းအဝေးမှာ တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံကြမည်ဖြစ်ရာ ၄င်းမှာ ဟောင်ကောင်ကျွန်းကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုကြမည်လားဟု နိုင်ငံခြားရေး တွဲဖက်ဝန်ကြီးကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။ 
၎င်းမှာ အစည်းအဝေးတွင် ဟောင်ကောင်ကိစ္စ ဆွေးနွေးမည်မဟုတ်ကြောင်း၊ ဆွေးနွေးခွင့်လည်း ပြုမည်မဟုတ်ကြောင်း၊ ဟောင်ကောင်ဟာ တရုတ်ပိုင် အထူးအုပ်ချုပ်ခွင့်ရဒေသ ဖြစ်တာကြောင့် ဟောင်ကောင်ကိစ္စဟာ တရုတ်ရဲ့ ပြည်တွင်းအရေးကိစ္စသာ ဖြစ်ကြောင်း၊ တိုင်းတစ်ပါးမှ ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း တွဲဖက်ဝန်ကြီးက ဖြေကြားလိုက်ပါတယ်။ 
အဆိုပါ ဥပဒေမူကြမ်းကို စိုးရိမ်ဝေဖန်နေသူတွေ ရှိကြတဲ့အပြင် ဟောင်ကောင်ရဲတပ်ဖွဲ့ဟာလည်း ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲပုံ ကြမ်းတမ်းတဲ့အတွက် ဝေဖန်နေရပါတယ်။ 



(Ref : Reuters)
အကုန်သိသတင်းဌာန 

0 comments:

Post a Comment