ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် ည ၉ နာရီခန့်တွင် ဟိုင်းကြီးကျွန်းတောင်ပေါ်မှ ရေဒါကြည့်တာဝန် ထမ်းဆောင်နေစဉ် သမီးလှကျွန်း၏ အရှေ့ တောင်ဘက် ရေမိုင် ၂၆ မိုင်ခန့်အကွာ၌ သံသယဖြစ်ဖွယ် ပုံရိပ် တစ်ခုတွေ့ရှိသဖြင့် စိစစ်ခဲ့ရာ ရပ်တန့်ထားသော ရေယာဉ်တစ်စီးဖြစ်ကြောင်း စစ်ဆေး ဖော်ထုတ်တွေ့ရှိခဲကြောင်း သိရသည်။
၎င်းရေယာဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရေယာဉ်မှာ Palau နိုင်ငံမှတ်ပုံ တင်ထားပြီး ရေယာဉ်မှူးအပါအဝင် ရေယာဉ်အမှုထမ်း ဗီယက်နမ်နိုင်ငံသား ၁၈ ဦး လိုက်ပါလာသော HERALD အမည်ရှိ ကုန်တင် ရေယာဉ်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ Yangzhou ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ ကုန်များတင်ဆောင်ရန်အတွက် မောင်းနှင်ခဲ့စဉ် စက်မကြီး Piston အဖုံးကွဲအက်သဖြင့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
အဆိုပါရေယာဉ်အား တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြည့်ခြင်းနှင့် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေယာဉ်အနေဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ကျောက်ချ ရပ်နားခွင့်နှင့် စက်ပြင်ဆင်ပြီးစီးမှု အခြေအနေတို့အား သက်ဆိုင်ရာကုမ္ပဏီမှတစ်ဆင့် မြန်မာ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနသို့ တရားဝင်အကြောင်းကြားစာ ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
<<Zawgyi>>
ဟိုင်းကြီးကျွန်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း၌ စက်ချို့ယွင်းမှုကြောင့် ရပ်တန့်နေသော ကုန်တင် ရေယာဉ်တစ်စီးတွေ့ရှိ
Thursday,October 3, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် ည ၉ နာရီခန့်တွင် ဟိုင်းကြီးကျွန်းတောင်ပေါ်မှ ရေဒါကြည့်တာဝန် ထမ်းဆောင်နေစဉ် သမီးလှကျွန်း၏ အရှေ့ တောင်ဘက် ရေမိုင် ၂၆ မိုင်ခန့်အကွာ၌ သံသယဖြစ်ဖွယ် ပုံရိပ် တစ်ခုတွေ့ရှိသဖြင့် စိစစ်ခဲ့ရာ ရပ်တန့်ထားသော ရေယာဉ်တစ်စီးဖြစ်ကြောင်း စစ်ဆေး ဖော်ထုတ်တွေ့ရှိခဲကြောင်း သိရသည်။
၎င်းရေယာဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရေယာဉ်မှာ Palau နိုင်ငံမှတ်ပုံ တင်ထားပြီး ရေယာဉ်မှူးအပါအဝင် ရေယာဉ်အမှုထမ်း ဗီယက်နမ်နိုင်ငံသား ၁၈ ဦး လိုက်ပါလာသော HERALD အမည်ရှိ ကုန်တင် ရေယာဉ်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ Yangzhou ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ ကုန်များတင်ဆောင်ရန်အတွက် မောင်းနှင်ခဲ့စဉ် စက်မကြီး Piston အဖုံးကွဲအက်သဖြင့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။
အဆိုပါရေယာဉ်အား တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြည့်ခြင်းနှင့် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေယာဉ်အနေဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ကျောက်ချ ရပ်နားခွင့်နှင့် စက်ပြင်ဆင်ပြီးစီးမှု အခြေအနေတို့အား သက်ဆိုင်ရာကုမ္ပဏီမှတစ်ဆင့် မြန်မာ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနသို့ တရားဝင်အကြောင်းကြားစာ ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
#Myanmar_Online_News #ဟိုင်းကြီးကျွန်းမြို့နယ် #ရေယာဉ်
0 comments:
Post a Comment