Wednesday, October 2, 2019

တနင်္သာရီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် မျိုးစပါးထောက်ပံ့ပေးအပ်


တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂ဝ၁၉-ခုနှစ်၊ ဇူလိုင်လနှင့်သြဂုတ်လအတွင်း မြစ်ရေကြီးစဉ်က ကျေးရွာအုပ်စု(၁၆)အုပ်စု၏ ကွင်းပေါင်း(၉၅)ကွင်းမှ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့်(၂၆၇၆)ဧကအတွက် တောင်သူ(၇၆၁)ဦးတို့အား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို အောက်တို ဘာလ ၂ ရက်နေ့ နံနက် ၁ဝ နာရီခွဲအချိန်က အရှေ့မော်တုန်းကျေးရွာအုပ်စု-အနောက်စုကျေးရွာ ဒေါ်တင်သန်း နေအိမ်တွင်ပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းနိုင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းရီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီး အရာရှိ ဦးဇော်ဇော်တို့က ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာအသီးသီးမှတောင်သူများထံ တစ်ဧကလျှင် မျိုးစပါး (တစ်)တင်းနှုန်းဖြင့် လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ကြသည်။

တနင်္သာရီမြို့နယ်အတွင်း (၂ဝ၁၉)ခုနှစ် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော မိုးစပါးဧက(၂၆၇၆)ဧကအတွက် တစ်ဧကလျှင် ကျပ်(တစ်သောင်း)နှုန်းဖြင့် ပြည်ထောင်စုအမျိုးသားသဘာဝဘေးရန်ပုံငွေမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ထောက်ပံ့ငွေကျပ်(၂၆၇သိန်းနှင့်၆သောင်း)ကိုပေးပို့ခဲ့ရာ ၎င်းငွေနှင့်ညီမျှသော(ထိုင်းနှံကောက်) ရက်(၉ဝ)သက်လျင်မျိုးစပါးများကို တနင်္သာရီမြို့နယ်သို့ (ပထမ)အကြိမ်အဖြစ်ဧက(၁၂၅ဝ)အတွက် မျိုးစပါးတင်း(၁၂၅ဝ)တင်းအား လွှဲပြောင်းပေးပို့လာခြင်းဖြစ်ပြီး ကျန်ရှိသည့်ပျက်စီးမိုးစပါးဧက(၁၂၄၆)ဧကအတွက်လည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဇော်ဇော်ထံမှ သိရှိရသည်။
Image may contain: food
Image may contain: 8 people, people smiling, people standing
Image may contain: 6 people, people smiling, people standing
Image may contain: 6 people, people standing
Image may contain: 6 people, people standing
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

<zawgyi>
တနင်္သာရီမြို့နယ်အတွင်းရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့်မိုးစပါးဧကများအတွက် မျိုးစပါးထောက်ပံ့ပေးအပ်
Thursday,October 3, 2019

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂ဝ၁၉-ခုနှစ်၊ ဇူလိုင်လနှင့်သြဂုတ်လအတွင်း မြစ်ရေကြီးစဉ်က ကျေးရွာအုပ်စု(၁၆)အုပ်စု၏ ကွင်းပေါင်း(၉၅)ကွင်းမှ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့်(၂၆၇၆)ဧကအတွက်တောင်သူ(၇၆၁)ဦးတို့အား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁ဝ နာရီခွဲအချိန်က အရှေ့မော်တုန်းကျေးရွာအုပ်စု-အနောက်စုကျေးရွာ ဒေါ်တင်သန်း နေအိမ်တွင်ပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းနိုင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းရီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီး အရာရှိ ဦးဇော်ဇော်တို့က ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာအသီးသီးမှတောင်သူများထံ တစ်ဧကလျှင် မျိုးစပါး (တစ်)တင်းနှုန်းဖြင့် လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ကြသည်။
တနင်္သာရီမြို့နယ်အတွင်း (၂ဝ၁၉)ခုနှစ် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော မိုးစပါးဧက (၂၆၇၆)ဧကအတွက် တစ်ဧကလျှင် ကျပ်(တစ်သောင်း)နှုန်းဖြင့် ပြည်ထောင်စုအမျိုးသားသဘာဝဘေးရန်ပုံငွေမှ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ ထောက်ပံ့ငွေကျပ်(၂၆၇သိန်းနှင့်၆သောင်း)ကိုပေးပို့ခဲ့ရာ ၎င်းငွေနှင့်ညီမျှသော(ထိုင်းနှံကောက်) ရက်(၉ဝ)သက်လျင်မျိုးစပါးများကို တနင်္သာရီမြို့နယ်သို့ (ပထမ)အကြိမ်အဖြစ်ဧက(၁၂၅ဝ)အတွက် မျိုးစပါးတင်း(၁၂၅ဝ)တင်းအား လွှဲပြောင်းပေးပို့လာခြင်းဖြစ်ပြီး ကျန်ရှိသည့်ပျက်စီးမိုးစပါးဧက(၁၂၄၆)ဧကအတွက်လည်း ဆက် လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဇော်ဇော်ထံမှ သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
#Myanmar_Online_News

0 comments:

Post a Comment