Wednesday, October 2, 2019

အိန္ဒိယကကြက်သွန်တင်ပို့မှုရပ်ဆိုင်းသည့်အတွက် ဘင်္ဂလားဒေ့ရှ်မှာ ဂယက်ရိုက်ပြီး တစ်ကီလိုဂရမ်ကို တာကာငွေ ၃၀ မှ ၁၃၀ အထိ စျေးမြင့်တက်

အိန္ဒိယနိုင်ငံမှာ ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်တဲ့အတွက်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ကြက်သွန်နီ ရှားပါးသွားပြီး၊ စျေးကြီးမြင့်သွားတဲ့အတွက် လူထုတရပ်လုံး ဒေါသထွက်နေကြတယ်လို့ AFP သတင်းက ဖော်ပြထားကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်မှာ ကြက်သွန်နီဟာ မရှိမဖြစ်တဲ့ လိုအပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြက်သွန်နီ လိုအပ်မှု သုံးပုံနှစ်ပုံကို ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်ပြီး၊ ကျန်တစ်ပုံကို အိန္ဒိယကနေ တင်သွင်းပါတယ်။ မုတ်သုန်ရာသီအတွင်း မိုးကြီးရင်တော့ ကြက်သွန်စိုက်ခင်းတွေ ပျက်စီးတတ်ပြီး အထွက်လျော့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ပုံမှန်အားဖြင့် ကြက်သွန်နီ တစ်ကီလိုဂရမ်ကို တာကာငွေ ၃၀ စျေးရှိခဲ့ရာက အခုအခါ ၁၃၀ တာကာ အထိ စျေးမြင့်သွားခဲ့တာပါ။ ဒါကြောင့် အစိုးရက မြန်မာ၊ တရုတ်၊ တူရကီ၊ အီဂျစ် နိုင်ငံတွေကနေ ကြက်သွန်နီတွေ အမြန်မှာယူတင်သွင်းဖို့ ကြိုးစားနေကြောင်း သိရှိရပါသည်။
လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရ း ဒါကာမြို့မှာ ကြက်သွန်နီ တစ်ကီလိုဂရမ်ကို ၄၅ တာကာနဲ့ ရောင်းချပေးနေကြောင်း သိရှိရပါသည်။
#Myanmar_Online_News #AFP #အိန္ဒိယ#ဘင်္ဂလားဒေ့ရှ်
<<zawgyi>>

Thursday,October 3, 2019

0 comments:

Post a Comment