အောက်တိုဘာလ ၁ ရက် နေ့မှ စ၍ ယာယီပိတ်ပင်ထားသည့် ဖားကန့်နှင့်လုံးခင်းကျောက်စိမ်းတွင်းများအား သက်ဆိုင်ရာက ယနေ့မှစပြီး ပြန်လည်တူးဖော်ခွင့် ပေးလိုက်ကြောင်း၊ ကျောက်မျက်ကုမ္ပဏီ အသီးသီးထံသို့ ပြန်လည်ခွင့်ပြုသည့်စာအား ပေးပို့ထားပြီး၊ကုမ္ပဏီအချို့က လုပ်ငန်းများပင် လုပ်နေကြပြီဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလဆိုင်းက “ရပ်ဆိုင်းခိုင်းခဲ့တာက အချိန်ပြည့်သွားပြီလေ။ဒီတော့ ဒီနေ့က စပြီး စတူးလို့ ရသွားပြီ။အဲ့ဒါဟုတ်တယ်“ဟု ပြောကြားခဲ့ကြောင်းသိရှိရသည်။
မိုးတွင်းကာလတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များ၌ မြေပြိုမှုများဖြစ်ပေါ်တတ်လေ့ရှိရာ ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် အစိုးရက ယင်းဒေသတို့မှ လုပ်ကွက်များကို ၂၀၁၉ ဇူလိုင်လ ၁ရက်နေ့မှ စ၍ စက်တင်ဘာလ ၃၀ရက်နေ့အထိ ၃လကြာ တူးဖော်ခွင့် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
<<Zawgyi>>
တူးဖော်ခွင့် ယာယီပိတ်ပင်ထားသည့် ဖားကန့်နှင့်လုံးခင်းကျောက်စိမ်းတွင်းများအားယနေ့တွင် ပြန်လည်တူးဖော်ခွင့်ပေးခဲ့
Tuesday, October 1, 2019
အောက်တိုဘာလ ၁ ရက် နေ့မှ စ၍ ယာယီပိတ်ပင်ထားသည့် ဖားကန့်နှင့်လုံးခင်းကျောက်စိမ်းတွင်းများအား သက်ဆိုင်ရာက ယနေ့မှစပြီး ပြန်လည်တူးဖော်ခွင့် ပေးလိုက်ကြောင်း၊ ကျောက်မျက်ကုမ္ပဏီ အသီးသီးထံသို့ ပြန်လည်ခွင့်ပြုသည့်စာအား ပေးပို့ထားပြီး၊ကုမ္ပဏီအချို့က လုပ်ငန်းများပင် လုပ်နေကြပြီဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလဆိုင်းက “ရပ်ဆိုင်းခိုင်းခဲ့တာက အချိန်ပြည့်သွားပြီလေ။ဒီတော့ ဒီနေ့က စပြီး စတူးလို့ ရသွားပြီ။အဲ့ဒါဟုတ်တယ်“ဟု ပြောကြားခဲ့ကြောင်းသိရှိရသည်။
မိုးတွင်းကာလတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များ၌ မြေပြိုမှုများဖြစ်ပေါ်တတ်လေ့ရှိရာ ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် အစိုးရက ယင်းဒေသတို့မှ လုပ်ကွက်များကို ၂၀၁၉ ဇူလိုင်လ ၁ရက်နေ့မှ စ၍ စက်တင်ဘာလ ၃၀ရက်နေ့အထိ ၃လကြာ တူးဖော်ခွင့် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment