ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ဝဲကြီးကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၄ နာရီက နေအိမ်၊ စပါးကျီ နှင့် လယ်ထွန်စက် အပါအဝင် ပစ္စည်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဦးခင်မောင်ဝင်း၏ ၅ x ၃ ပင် သွပ်မိုး၊ ပျဉ်ကာ စက်တဲ (၁)လုံး၊ ဂိုဒေါင် အတွင်းရှိ မြက်စင်းစက်(၁)လုံး၊ မြင်းကောင်ရေ (၉၀) Kubotar အမျိုးအစား လယ်ထွန်စက် (၁)လုံး၊ မြင်းစာအိတ် (၅၀)အိတ်၊ ၅ x ၃ ပင် သွပ်မိုး အကာမပါ ဂိုဒေါင် (၁)လုံး၊ ၄ x ၃ ပင် သွပ်မိုး၊ ပျဉ်ကာ စပါးကျီအလွတ် (၁)လုံး တို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မီးလောင်ကျွမ်းသောနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီအချိန်တွင် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ကိုသားကွီး(ကျောက်ကြီး)
<zawgyi>
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ နေအိမ်၊ စပါးကျီ နှင့် လယ်ထွန်စက်တို့ မီးလောင်ကျွမ်းမှုဖြစ်ပွား
Wednesday,October 2, 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ဝဲကြီးကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၄ နာရီက နေအိမ်၊ စပါးကျီ နှင့် လယ်ထွန်စက် အပါအဝင် ပစ္စည်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဦးခင်မောင်ဝင်း၏ ၅ x ၃ ပင် သွပ်မိုး၊ ပျဉ်ကာ စက်တဲ (၁)လုံး၊ ဂိုဒေါင် အတွင်းရှိ မြက်စင်းစက်(၁)လုံး၊ မြင်းကောင်ရေ (၉၀) Kubotar အမျိုးအစား လယ်ထွန်စက် (၁)လုံး၊ မြင်းစာအိတ် (၅၀)အိတ်၊ ၅ x ၃ ပင် သွပ်မိုး အကာမပါ ဂိုဒေါင် (၁)လုံး၊ ၄ x ၃ ပင် သွပ်မိုး၊ ပျဉ်ကာ စပါးကျီအလွတ် (၁)လုံး တို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မီးလောင်ကျွမ်းသောနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီအချိန်တွင် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
ကိုသားကွီး(ကျောက်ကြီး)
#Myanmar_Online_News
0 comments:
Post a Comment