မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊နယ်မြေ(၇) ကညနရုံးဟောင်းအနီးနေ ဦးစိုးနိုင်+ဒေါ်ရွှေရည် စိုးရည်နန္ဒာဝပ်လျှော့လုပ်ငန်းမှ ယနေ့ အောက်တိုဘာ(၁)ရက်နေ့တွင်ဖွင့်လှစ်သော(၈)ကြိမ်မြောက် အောင်ဘာလေထီသိန်း(၁၅၀၀၀)ဆုကြီးအား ဆွတ်ခူးရ ရှိခဲ့ကြောင်းသိရသည်။
သိန်း(၁၅၀၀၀)ဆုရှင် ဦးစိုးနိုင်အောင်ဇေယျာရပ်ကွက်နယ်မြေ(၇) စိုးရည်နန္ဒာဝပ်လျှော့ပိုင်ရှင်အားတွေ့ဆုံမေးမြန်းရာ့လွန်ခဲ့သည့်(၁၅)ရက်ခန့် သူငယ်ချင်းများနှင့် Gold Rain လဘက်ရည်ဆိုင်တွင်ထိုင်ကြစဉ် ဆိုင်တွင်တွေ့ဆုံနေကျကျောက်ပုံရွာနေ အနှိပ်သည်လုပ်ကိုင်သူ ဦးကျန်မှ ခင်ဗျားမှာ တနင်္ဂနွေသမီးရှိလားရှိရင် သူဆီက ၅၀/-ဒါမှမဟုတ် ၅၀၀/-တောင်းပြီး ထီထိုး(၃) အစ(၁)အဆုံးထိုး ထီပေါက်လိမ့်မယ် ဆုကြီးမကြီးတော့မသိဘူးဟုအခါပေးခဲ့ကြောင်း သမီးဖြစ်သူမအိနန္ဒာစိုးထံမှငွေ၅၀၀/-တောင်းပြီးဗဟိုစျေးကြီးအနောက်ပေါက်ရှိဦးမျိုးညွန့် ဒိုးကလေးထီဆိုင်တွင်(၃) အစ(၁) အဆုံးဂဏန်းရှာ၍လမင်းကြယ်စင်တံဆိတ်ပါထီ(၅)စောင်တွဲအား၅၅၀၀/-ဖြင့်ထိုးခဲ့ကြောင်းယနေ့ထီဖွင့်ပွဲအား Facebook တိုက်ရိုက်လွှင့်သည့်အခါ ထီတိုက်နေရာ(၅)စောင်တွဲထိုးခဲ့သောထီအောက်ဆုံးထီရွက်ဖြစ်သည့် ဓ ၃၄၁၆၆၁ မှ သိန်း(၁၅၀၀၀)ဆုပေါက်ခဲ့ရာမယုံမရဲဖြစ်၍ သေချာထီတိုက်ခဲ့ကြောင်း အမှန်တကယ်ပေါက်ခဲ့ရာမှ မိသားစုဝင်များဝမ်းသာငိုကြွေးခဲ့ရကြောင်း သိရသည်။
ယခင်က သူငယ်ချင်းများနှင့် ရှယ်ယာစုထိုးခဲ့ရာ(၈)ကြိမ်၅၀၀၀၀တွဒ်ပေါက်ခဲ့ပြီး (၇)ကြိမ်မြောက်ကမြေးလေးများနာမည်ဖြင့် ထိုးရာ၅၀၀၀၀တွဒ်ပေါက်ခဲ့ကြောင်း ယခုထီဆုကြီးပေါက်ခဲ့၍ လက်ရှိလုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်ပြီး အဓိကလူမှုရေးအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောသည်။
ရွှေမောင်မောင်(မိတ္တီလာ)
<Zawgyi>
အခါပေးလို့ ထိုးခဲ့တာကြောင့် ပေါက်ခဲ့ကြောင်း သိန်းတစ်သောင်းခွဲကံထူးရှင်ပြော
Tuesday, October 1, 2019

0 comments:
Post a Comment