Tuesday, October 1, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမျိုးဘာသာ သာသနာဆောင်ရွက်ခြင်းကြောင့် YMBA အသင်းမှ အမြင့်ဆုံး ဘွဲ့တံဆိပ်ချီးမြှင့်မည်

Image may contain: 5 people, people standing

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမျိုးဘာသာ သာသနာဆောင်ရွက်ခြင်းကြောင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ အမြင့်ဆုံး ဘွဲ့တံဆိပ်ဖြစ်သည့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ကို အမျိုးဘာသာ သာသနာအတွက်ဆောင်ရွက်တဲ့သူများကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာလည်း မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်ကို ပးအပ်ချီးမြှင့်ခံထားရတာ ဖြစ်ပါတယ်။
YMBA အသင်းကြီးသည် ၁၉၀၆ ခုနှစ်မှစတင်၍ အမျိုးဘာသာသာသနာအကျိုးဆောင်ရွက်ရန် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အသင်းရည်ရွယ်ချက်မှာ လွတ်လပ်ရေးမရခင်ကာလများက နိုင်ငံရေးကို ဦးစားပေးလုပ်ကိုင်နေပြီး လွတ်လပ်ရေးရပြီးခေတ်နှင့် လက်ရှိအချိန်ထိ ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ပြည်သူ့နီတိရိုက်နှိပ်ထုတ်ဝေခြင်း၊ ယဉ်ကျေးလိမ္မာစာမေးပွဲများ ကျင်းပခြင်းများကို အဓိကလုပ်ဆောင်နေကြောင်း သိရသည်။
<Zawgyi>

#Ref_PeopleMedia #YMBA

0 comments:

Post a Comment