Sunday, November 3, 2019

AA လက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော NLD လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ကျန်(၉)ဦးကို ပြန်လွှတ်ပေးပြီး နိုင်ငံခြားသားတစ်ဦး သေဆုံး

Image may contain: 1 person, closeupImage may contain: text

AA လက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ ၁၀ ဦးအထဲမှ (NLD)ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားပြီး နိုင်ငံခြားသားများအပါအဝင် ကျန် ကိုးဦးကို ယနေ့မနက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်ဟု သတင်းရရှိသည်။

သို့သော် ပြန်လွှတ်ပေးလိုက်သူများအနက်မှ အိန္ဒိယနိုင်ငံသားတစ်ဦးမှာ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (NLD) ပါတီဝင်၊ အိန္ဒိယနိုင်ငံသား ငါးဦး၊ ဘာသာပြန် နှစ်ဦးနှင့် Speed Boat အမြန်ယာဉ်မောင်းသူ နှစ်ဦးတို့မှာ ယမန့်နေ့ ချင်းပြည်နယ် ၊ ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်သို့ ကုလားတန်စီမံကိန်းအပိုင် အမြန်ရေယာဉ်ငယ်နှစ်စီးဖြင့် အသွားတွင် AA လက်နက်ကိုင်သောင်းကျန်းသူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း သိရှိရသည်။
သတင်းအပြည့်အစုံကို ဆက်လက်တင်ပြသွားပါမည်။
<zawgyi>
#Breaking News
AA လက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော NLD လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ကျန်(၉)ဦးကို ပြန်လွှတ်ပေးပြီး နိုင်ငံခြားသားတစ်ဦး သေဆုံး
Monday , November 4 , 2019

AA လက်နက်ကိုင်သောင်းကျန်းသူများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူ ၁၀ ဦးအထဲမှ (NLD)ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားပြီး နိုင်ငံခြားသားများအပါအဝင် ကျန် ကိုးဦးကို ယနေ့မနက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်ဟု သတင်းရရှိသည်။
သို့သော် ပြန်လွှတ်ပေးလိုက်သူများအနက်မှ အိန္ဒိယနိုင်ငံသားတစ်ဦးမှာ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (NLD) ပါတီဝင်၊ အိန္ဒိယနိုင်ငံသား ငါးဦး၊ ဘာသာပြန် နှစ်ဦးနှင့် Speed Boat အမြန်ယာဉ်မောင်းသူ နှစ်ဦးတို့မှာ ယမန့်နေ့ ချင်းပြည်နယ် ၊ ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်သို့ ကုလားတန်စီမံကိန်းအပိုင် အမြန်ရေယာဉ်ငယ်နှစ်စီးဖြင့် အသွားတွင် AA လက်နက်ကိုင်သောင်းကျန်းသူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း သိရှိရသည်။
သတင်းအပြည့်အစုံကို ဆက်လက်တင်ပြသွားပါမည်။

0 comments:

Post a Comment