အိန္ဒိယနိုင်ငံ ဒေလီမြို့ရဲ့ လေထုအရည်အသွေးဟာ အနိမ့်ဆုံးအနေအထားကို ကျဆင်းနေပြီလို့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြည်သူ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရသည်။
တစ်မြို့လုံး မြူမီးခိုးတွေ ဆိုင်းနေပြီး ဒီလို လေမျိုးကို ရှူရတာဟာ တစ်နေ့ကို ဆေးလိပ် အလိပ် ၄၀၊ ၅၀ လောက် သောက် နေတာနဲ့ အတူတူပဲလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒေလီမြို့ခံတစ်ဦးက “လေထုညစ်ညမ်းတာက အသက်ရှူပြဿနာအပြင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုလည်း ဖြစ်စေပါ တယ်။ အခုက ဆောင်းရာသီ မဟုတ်ဘူးလေ။ ဒါကြောင့် အခုတွေ့နေရတာတွေက မြူခိုးတွေ မဟုတ်ဘူး။ ဒါကြောင့် ကျွန် တော်တို့ အပြင်သွားရင် မျက်နှာဖုံး တပ်ထားရတယ်”လို့ ဆိုပါတယ်။
မြူမီးခိုးတွေ ဖုံးလွှမ်းနေပြီး မြင်ကွင်းမကောင်းတာကြောင့် အင်ဒရာဂန္ဓီလေဆိပ်မှာ လေယာဉ် ၃၂ စင်း မဆင်းသက်နိုင်ဘဲ လှည့်ပြန်ခဲ့ရတယ်လို့လည်း သိရပါတယ်။
လေထုညစ်ညမ်းမှု ညွှန်းကိန်းဟာ ၉၉၉ မှတ်ကို ရောက်နေတာကြောင့် လူတွေအတွက် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနိုင်ပြီး အဆုတ်အားကောင်းသူတွေကိုတောင် ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
Ref ; Reuters
<zawgyi>
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရဲ့လေထုညစ်ညမ်းမှုကို ရှုရတာ တစ်နေ့ ဆေးလိပ် အလိပ် ၅၀ သောက်သည်နှင့် ညီမျှဟုကျွမ်းကျင် သူများပြောကြား
Monday , November 4 , 2019
အိန္ဒိယနိုင်ငံ ဒေလီမြို့ရဲ့ လေထုအရည်အသွေးဟာ အနိမ့်ဆုံးအနေအထားကို ကျဆင်းနေပြီလို့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြည်သူ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရသည်။
တစ်မြို့လုံး မြူမီးခိုးတွေ ဆိုင်းနေပြီး ဒီလို လေမျိုးကို ရှူရတာဟာ တစ်နေ့ကို ဆေးလိပ် အလိပ် ၄၀၊ ၅၀ လောက် သောက် နေတာနဲ့ အတူတူပဲလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒေလီမြို့ခံတစ်ဦးက “လေထုညစ်ညမ်းတာက အသက်ရှူပြဿနာအပြင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုလည်း ဖြစ်စေပါ တယ်။ အခုက ဆောင်းရာသီ မဟုတ်ဘူးလေ။ ဒါကြောင့် အခုတွေ့နေရတာတွေက မြူခိုးတွေ မဟုတ်ဘူး။ ဒါကြောင့် ကျွန် တော်တို့ အပြင်သွားရင် မျက်နှာဖုံး တပ်ထားရတယ်”လို့ ဆိုပါတယ်။
မြူမီးခိုးတွေ ဖုံးလွှမ်းနေပြီး မြင်ကွင်းမကောင်းတာကြောင့် အင်ဒရာဂန္ဓီလေဆိပ်မှာ လေယာဉ် ၃၂ စင်း မဆင်းသက်နိုင်ဘဲ လှည့်ပြန်ခဲ့ရတယ်လို့လည်း သိရပါတယ်။
လေထုညစ်ညမ်းမှု ညွှန်းကိန်းဟာ ၉၉၉ မှတ်ကို ရောက်နေတာကြောင့် လူတွေအတွက် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနိုင်ပြီး အဆုတ်အားကောင်းသူတွေကိုတောင် ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
Ref ; Reuters
#Myanmar_Online_News
0 comments:
Post a Comment