ကပ္ပလီ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီး တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းရှိသဖြင့် နိုဝင်ဘာ ၇၊ ၈၊ ၉၊ ၁၀ ရက်များတွင် မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒေညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။
လတ်တလော မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနှေင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းစဉ် မိုးလေဝသနှင့် ဇလဗေဒေညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကပ္ပလီပင်လယ်ပြင်က လောလောဆယ် လေဖိအားနည်း ရပ်ဝန်းက ပိုမိုအားကောင်းလာတဲ့ သဘောရှိတယ်။ မုန်တိုင်းအဖြစ် ပြောင်းဖို့က အားကောင်းမယ်လို့လည်း သုံးသပ်တယ်။ အားပျော့ပြီး ပျက်ပြယ်သွားမယ်လို့လည်း သုံးသပ်ကြတယ်။ တောင်တ ရုတ် ပင်လယ်က မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ မိုးရွာမယ်။ နိုဝင်ဘာ ၇၊ ၈၊ ၉၊ ၁၀ ရက် ပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆောင်းရာသီအတွင်း ပုံမှန်ထက်အနည်းငယ်ပိုပူမည်ဖြစ်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောသည်။
“ဆောင်းရာသိတွင်းမှာ ပုံမှန်ထက် ပိုပူမယ်ဆိုပေမဲ့လည်း နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်ပါပဲ။ ကျန်တဲ့ ဇန်နဝါရီမှာ တရုတ်ပြည် ဘက်က တိုက်ခတ်တဲ့ လေအေးကြောင့် ပြန်ပြီးအအေးပိုလာမယ်။ မြူကျဖို့ရှိပါတယ်”ဟု ၎င်းက ထပ်မံပြောသည်။
<zawgyi>
မြန်မာနိုင်ငံတစ်ဝန်းလုံး နိုဝင်လာလ ဒုတိယတစ်ပတ်လုံး မိုးရွာမည်ဟု မိုးဇလမှ ပြောကြား
Monday , November 4 , 2019
ကပ္ပလီ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပြီး တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းရှိသဖြင့် နိုဝင်ဘာ ၇၊ ၈၊ ၉၊ ၁၀ ရက်များတွင် မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒေညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။
လတ်တလော မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနှေင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းစဉ် မိုးလေဝသနှင့် ဇလဗေဒေညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကပ္ပလီပင်လယ်ပြင်က လောလောဆယ် လေဖိအားနည်း ရပ်ဝန်းက ပိုမိုအားကောင်းလာတဲ့ သဘောရှိတယ်။ မုန်တိုင်းအဖြစ် ပြောင်းဖို့က အားကောင်းမယ်လို့လည်း သုံးသပ်တယ်။ အားပျော့ပြီး ပျက်ပြယ်သွားမယ်လို့လည်း သုံးသပ်ကြတယ်။ တောင်တ ရုတ် ပင်လယ်က မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ မိုးရွာမယ်။ နိုဝင်ဘာ ၇၊ ၈၊ ၉၊ ၁၀ ရက် ပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဆောင်းရာသီအတွင်း ပုံမှန်ထက်အနည်းငယ်ပိုပူမည်ဖြစ်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောသည်။
“ဆောင်းရာသိတွင်းမှာ ပုံမှန်ထက် ပိုပူမယ်ဆိုပေမဲ့လည်း နိုဝင်ဘာ၊ ဒီဇင်ဘာလ လောက်ပါပဲ။ ကျန်တဲ့ ဇန်နဝါရီမှာ တရုတ်ပြည် ဘက်က တိုက်ခတ်တဲ့ လေအေးကြောင့် ပြန်ပြီးအအေးပိုလာမယ်။ မြူကျဖို့ရှိပါတယ်”ဟု ၎င်းက ထပ်မံပြောသည်။
0 comments:
Post a Comment