Tuesday, February 18, 2020

တပ်မတော်ခေါင်းဆောင်များကို အကူအညီတောင်းကာ ပြုစုထားသော သုတေသနစာတမ်းထုတ်ပြန်

Image may contain: one or more people and indoor

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ သုတေသနဆိုင်ရာ စာတမ်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် နံနက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ စာတမ်းကို မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျူ(MIPS) က ထုတ်ဝေလိုက်တာဖြစ်ပြီး ဒီစာတမ်းဖြစ်ပေါ်ဖို့အတွက် စစ်ရေးစစ်ရာနဲ့သက်ဆိုင်တဲ့သူတွေရဲ့ အကူအညီကို ရယူခဲ့တယ်လို့ စာတမ်းပြုစုသူ MIPS ရဲ့ သုတေသနဒါရိုက်တာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောကြားခဲ့ပြီး
“တပ်မတော်စစ်ဥပဒေချုပ်ရုံးက သူတို့ဆီမှာ စာအုပ်စာတမ်းအကုန်ရှိတော့ သူတို့ကိုလည်း အကူအညီတောင်းထားပါတယ်။ သူတို့လည်း လိုလိုလားလားနဲ့ ကျွန်တော့်ကို ပေးပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ လက်နက်ကိုင်တွေအပေါ် စဉ်းစားချက်ကိုလည်း ကျွန်တော်တောင်းပါတယ်”လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောကြားထားသည်။

နိုင်ငံရေးပါတီတွေရဲ့ သဘောထားတောင်းခံရာမှာတော့ အမျိုးမျိုးသဘောထားကွဲနေတာတွေ တွေ့ရပြီး နိုင်ငံရေးပါတီတွေထံမှ ရတဲ့အကြံဉာဏ်တွေကို ဒီသုတေသနစာတမ်းထဲမှာ ချိတ်ဆက်လို့ရအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောကြားထားသည်။
“ကျွန်တော်တို့ အခုလုပ်တဲ့ သုတေသနက နိုင်ငံတကာမှာဖြစ်တဲ့ကွင်းဆက်ကို ကြည့်တယ်။ ကြည့်တဲ့အခါမှာ ကျွန်တော်တို့က ဘာသွားတွေ့လဲဆိုတော့ ဒီနိုင်ငံတွေအားလုံးကဟာတွေကို ခုတ်ထစ်ပြီးတော့မှ ဟိုဘက်ကို နည်းနည်းလေးခုတ်လိုက်၊ ဒီဘက်ကိုလည်း နည်းနည်းလေးခုတ်လိုက်၊ အဲဒီလိုတပ်လိုက်မှပဲ မြန်မာပြည်အတွက် အဆင်ပြေတယ်။ နိုင်ငံတစ်ခုတည်းကိုကြည့်ပြီး အဲဒီလိုနိုင်ငံမျိုး လုပ်မယ်ဆိုရင် အခက်အခဲရှိတယ်”လို့ MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
ယခု သုတေသနစာတမ်းဖြစ်မြောက်ဖို့အတွက် အချိန် ၈ လကျော်ကြာမြင့်ခဲ့ပြီး The Kingdom of the Netherlands နဲ့ Joint Peace Fund တို့က ရန်ပုံငွေကူညီခဲ့တယ်လို့ သိရပြီး သုတေသနစာတမ်းမှာပါဝင်တဲ့ နိုင်ငံ (၅) နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့ ဖြစ်တယ်လို့ သိရသည်။
Image may contain: 1 person
No photo description available.
Ref : အောင်ထူးနိုင်(VOM) #Myanmar_Online_News
>>Zawgyi<<
တပ်မတော်ခေါင်းဆောင်များကို အကူအညီတောင်းကာ ပြုစုထားသော သုတေသနစာတမ်းထုတ်ပြန်
Wednesday , February 19 , 2020

ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ သုတေသနဆိုင်ရာ စာတမ်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် နံနက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့သည်။
အဆိုပါ စာတမ်းကို မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျူ(MIPS) က ထုတ်ဝေလိုက်တာဖြစ်ပြီး ဒီစာတမ်းဖြစ်ပေါ်ဖို့အတွက် စစ်ရေးစစ်ရာနဲ့သက်ဆိုင်တဲ့သူတွေရဲ့ အကူအညီကို ရယူခဲ့တယ်လို့ စာတမ်းပြုစုသူ MIPS ရဲ့ သုတေသနဒါရိုက်တာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောကြားခဲ့ပြီး
“တပ်မတော်စစ်ဥပဒေချုပ်ရုံးက သူတို့ဆီမှာ စာအုပ်စာတမ်းအကုန်ရှိတော့ သူတို့ကိုလည်း အကူအညီတောင်းထားပါတယ်။ သူတို့လည်း လိုလိုလားလားနဲ့ ကျွန်တော့်ကို ပေးပါတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ လက်နက်ကိုင်တွေအပေါ် စဉ်းစားချက်ကိုလည်း ကျွန်တော်တောင်းပါတယ်”လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောကြားထားသည်။

နိုင်ငံရေးပါတီတွေရဲ့ သဘောထားတောင်းခံရာမှာတော့ အမျိုးမျိုးသဘောထားကွဲနေတာတွေ တွေ့ရပြီး နိုင်ငံရေးပါတီတွေထံမှ ရတဲ့အကြံဉာဏ်တွေကို ဒီသုတေသနစာတမ်းထဲမှာ ချိတ်ဆက်လို့ရအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ခ)ဒေါက်တာအင်ဒရူးက ပြောကြားထားသည်။
“ကျွန်တော်တို့ အခုလုပ်တဲ့ သုတေသနက နိုင်ငံတကာမှာဖြစ်တဲ့ကွင်းဆက်ကို ကြည့်တယ်။ ကြည့်တဲ့အခါမှာ ကျွန်တော်တို့က ဘာသွားတွေ့လဲဆိုတော့ ဒီနိုင်ငံတွေအားလုံးကဟာတွေကို ခုတ်ထစ်ပြီးတော့မှ ဟိုဘက်ကို နည်းနည်းလေးခုတ်လိုက်၊ ဒီဘက်ကိုလည်း နည်းနည်းလေးခုတ်လိုက်၊ အဲဒီလိုတပ်လိုက်မှပဲ မြန်မာပြည်အတွက် အဆင်ပြေတယ်။ နိုင်ငံတစ်ခုတည်းကိုကြည့်ပြီး အဲဒီလိုနိုင်ငံမျိုး လုပ်မယ်ဆိုရင် အခက်အခဲရှိတယ်”လို့ MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
ယခု သုတေသနစာတမ်းဖြစ်မြောက်ဖို့အတွက် အချိန် ၈ လကျော်ကြာမြင့်ခဲ့ပြီး The Kingdom of the Netherlands နဲ့ Joint Peace Fund တို့က ရန်ပုံငွေကူညီခဲ့တယ်လို့ သိရပြီး သုတေသနစာတမ်းမှာပါဝင်တဲ့ နိုင်ငံ (၅) နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့ ဖြစ်တယ်လို့ သိရသည်။

0 comments:

Post a Comment