Wednesday, February 19, 2020

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခြင်းမရှိသည့် ခရီသည်များအား Dimond Princess သင်္ဘောပေါ်မှ ဆင်းခွင့်ပြု

Image may contain: sky and outdoor
ယိုကိုဟားမားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Diamond Princess သင်္ဘောကြီးပေါ်မှ COVID-19 ဗိုင်းရပ်ကူးစက်ခြင်း မရှိသူမှန်သမျှကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သင်္ဘောပေါ်မှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောကြီးကို ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းတွင် ဖေဖေါ်ဝါရီ ၂ ရက်နေ့ကတည်းက သီးသန့်ဆိုက်ကပ်ပြီး ခရီးသည်များအား သီးခြားစီထား၍ စစ်ဆေးမှုပြုခဲ့ရာ ယနေ့ဆိုလျှင် ခရီးသည်အားလုံး၏ ဓာတ်ခွဲနမူနာများကိုစစ်ဆေးပြီးဖြစ်သလို၊ ရောဂါအစပျိုးချိန်အတွက်စောင့်ကြည့်ခြင်း သတ်မှတ်ရက် ၁၄ ရက်ပြည့်သွားပြီဖြစ်သဖြင့် ဗိုင်းရပ်စ်ကူးစက်မှုမရှိကြသူများအား သင်္ဘောမှ ထွက်ခွာခြင်းပြုလိုက်ခြင်းဖြစ်သည်။
ယနေ့တွင် ပထမအသုတ်အနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှု မရှိသူ ခရီးသည် ၅၀၀ ကို သင်္ဘောမှ ထွက်ခွာခွင့်ပြုလိုက်သည်။ယင်းသင်္ဘောကြီးပေါ်မှ ခရီးသည်များအနက် ၅၄၂ ဦးတို့တွင် ဗိုင်းရပ်စ်သင့်သည့် လက္ခဏာများစစ်ဆေးတွေ့ရှိခဲ့ရပြီး သက်ဆိုုင်ရာ ဒေသဆေးရုံများတွင် ကုသပေးလျှက်ရှိသည်။
အဆိုပါသင်္ဘောကြီးပေါ်မှ ခရီးသည်တစ်ဦး ဟောင်ကောင်တွင် ဆင်းသွားခဲ့ပြီးနောက် ယင်းခရီးသည်တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း ဟောင်ကောင်တာဝန်ရှိသူတို့က သတင်းထုတ်ပြန်ခဲ့ရာတွင် သင်္ဘောပေါ်ရှိခရီးသည်များအား သင်္ဘောပေါ်တွင်ပင် သီးသန့်စီခွဲ၍ ထားရှိလျှက် ကိုရိုနာဗိုင်းရပ်စ် သင့်/မသင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Image may contain: one or more people and outdoor
Image may contain: 1 person, standing and outdoor
Source: AFP #Myanmar_Online_News
>>Zawgyi<<
ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခြင်းမရှိသည့် ခရီသည်များအား Dimond Princess သင်္ဘောပေါ်မှ ဆင်းခွင့်ပြု
Wednesday , February 19 , 2020
ယိုကိုဟားမားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော Diamond Princess သင်္ဘောကြီးပေါ်မှ COVID-19 ဗိုင်းရပ်ကူးစက်ခြင်း မရှိသူမှန်သမျှကို ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သင်္ဘောပေါ်မှ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောကြီးကို ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းတွင် ဖေဖေါ်ဝါရီ ၂ ရက်နေ့ကတည်းက သီးသန့်ဆိုက်ကပ်ပြီး ခရီးသည်များအား သီးခြားစီထား၍ စစ်ဆေးမှုပြုခဲ့ရာ ယနေ့ဆိုလျှင် ခရီးသည်အားလုံး၏ ဓာတ်ခွဲနမူနာများကိုစစ်ဆေးပြီးဖြစ်သလို၊ ရောဂါအစပျိုးချိန်အတွက်စောင့်ကြည့်ခြင်း သတ်မှတ်ရက် ၁၄ ရက်ပြည့်သွားပြီဖြစ်သဖြင့် ဗိုင်းရပ်စ်ကူးစက်မှုမရှိကြသူများအား သင်္ဘောမှ ထွက်ခွာခြင်းပြုလိုက်ခြင်းဖြစ်သည်။
ယနေ့တွင် ပထမအသုတ်အနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှု မရှိသူ ခရီးသည် ၅၀၀ ကို သင်္ဘောမှ ထွက်ခွာခွင့်ပြုလိုက်သည်။ယင်းသင်္ဘောကြီးပေါ်မှ ခရီးသည်များအနက် ၅၄၂ ဦးတို့တွင် ဗိုင်းရပ်စ်သင့်သည့် လက္ခဏာများစစ်ဆေးတွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာ ဒေသဆေးရုံများတွင် ကုသပေးလျှက်ရှိသည်။
အဆိုပါသင်္ဘောကြီးပေါ်မှ ခရီးသည်တစ်ဦး ဟောင်ကောင်တွင် ဆင်းသွားခဲ့ပြီးနောက် ယင်းခရီးသည်တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း ဟောင်ကောင်တာဝန်ရှိသူတို့က သတင်းထုတ်ပြန်ခဲ့ရာတွင် သင်္ဘောပေါ်ရှိခရီးသည်များအား သင်္ဘောပေါ်တွင်ပင် သီးသန့်စီခွဲ၍ ထားရှိလျှက် ကိုရိုနာဗိုင်းရပ်စ် သင့်/မသင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Source: AFP #Myanmar_Online_News

0 comments:

Post a Comment