Tuesday, February 18, 2020

အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Image may contain: sky, outdoor and water

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြိ့ုနယ်၊ အင်းတော်ကြီးမြို့ နန့်ပတဲကျေးရွာအရှေ့ဘက်ရှိအင်းတော်ကြီးအိုင်အတွင်းတည်ရှိသည့် ရွှေမဉ္ဇူရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက်တပေါင်းလဆန်း(၈)ရက်နေ့မှတပေါင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပေသည်။

ရွှေမဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်းယခင်နှစ်များအတိုင်း ဇာတ်ပွဲများ အကအဖွဲ့များ၊ ရှမ်းနီတိုင်းရင်းသားရိုးရာ ယဉ်ကျေး မှုပြခန်းများနှင့် အကအဖွဲ့များ၊ အင်းဘေး ပတ်ဝန်းကျင် ကျေးရွာအုပ်စု(၁၁)ရှိကျေးရွာပေါင်း (၄၃) ရွာတို့မှ လှေလှော်အားကစားပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ ဌာနဆိုင်ရာများမှပညာပေးပြခန်းများအားလေ့လာကြည့်ရှုနှိုင်ပြီးဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်ပါဝင်လောင်းလှူကုသိုလ်ယူနှိုင်ကြမည်ဖြစ်သည်။
အင်းတော်ကြီး ရွှေမ ဉ္ဇူရေလယ်ဘုရား ဖွင့်ပွဲအခမ်းအနားကို မတ်လ(၁)ရက်နေ့ နံနက်(၈)နာရီခွဲတွင်ပြုလုပ်သွားမည် ဖြစ်ပြီး ပွဲတော်သို့လာရောက်ကြမည့်ဧည့်ပရိတ်သတ်များအတွက်အခမဲ့တည်းခိုဆောင်များ ရေချိုးခန်းများနှင့်အညစ်အကြေးစွန်ရန်နေရာများကိုလည်းပွဲတော်ကျင်းပရေးကော်မတီမှစီစဉ်ထားရှိသည်။
အင်းတော်ကြီးအိုင်သည် အလျား(၁၆)မိုင် အနံ(၈)မိုင်ကျယ်ဝန်းပြီးပင်လယ်ရေမျက်နှာပြင်အထက်(၅၄၆)ပေတွင်တည်ရှိကာအရှေ့တောင်အာရှတွင်အကြီးဆုံးကုန်းတွင်းရေနေသဘာဝအင်းကြီးဖြစ်ပေသည်။
အင်းတော်ကြီးအိုင်အတွင်းကျင်လည်ကျက်စားကြသော ငါးမျိုးစိတ်များ ရေပျော်ငှက်များ ကြိုးဝိုင်းသစ်တောအတွင်းမှသစ်ပင်ပန်းမာလ်များ တောရိုင်းတိရစ္ဆာန်များနှင့်ဒေသခံရမ်းတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုများ ကိုလည့်လေ့လာနှိုင်သလိုအင်းတော်ကြီးဒေသမှသဘာဝအလှအပများကိုလည်းကြည့်ရှုလေ့လာခံစားနှိုင်မည်။
အနယ်နယ်အရပ်ရပ်မှအင်းတော်ကြီးဘုရားပွဲတော်သို့လာရောက်လိုပါက မီးရထားဖြင့်လည်းကောင်း မော်တော်ယာဉ်ဖြင့်လည်းကောင်း မိုးညှင့်မြိ့ု/ဟိုပင်မြိ့ုတို့မှတဆင့်အလွယ်တကူသွားလာနှိုင်ပြီးကတ္တရာလမ်းများခင်းထားပြီးလျှပ်စစ်မီးများထိန်ထိန်လင်းနေသဖြင့်အချိန်မရွေး ရာသီမရွေးအလွယ်တကူသွားရောက်နှိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
Image may contain: sky and outdoor
Image may contain: outdoor and water
Image may contain: sky, bird, cloud, outdoor, water and nature
သတင်း - မင်္ဂလာဦး Source - EPN
<zawgyi>
အင်းတော်ကြီး ရွှေမ ဉ္ဇူရေလယ်ဘုရား (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Wednesday , February 19 , 2020

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြိ့ုနယ်၊ အင်းတော်ကြီးမြို့ နန့်ပတဲကျေးရွာအရှေ့ဘက်ရှိအင်းတော်ကြီးအိုင်အတွင်းတည်ရှိသည့် ရွှေမ ဉ္ဇူရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်ကို အစဉ်အလာမပျက်တပေါင်းလဆန်း(၈)ရက်နေ့မှတပေါင်းလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပေသည်။
ရွှေမ ဉ္ဇူ ရေလယ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင်လည်းယခင်နှစ်များအတိုင်း ဇာတ်ပွဲများ အကအဖွဲ့များ၊ ရှမ်းနီတိုင်းရင်းသားရိုးရာ ယဉ်ကျေး မှုပြခန်းများနှင့် အကအဖွဲ့များ၊ အင်းဘေး ပတ်ဝန်းကျင် ကျေးရွာအုပ်စု(၁၁)ရှိကျေးရွာပေါင်း (၄၃) ရွာတို့မှ လှေလှော်အားကစားပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ ဌာနဆိုင်ရာများမှပညာပေးပြခန်းများအားလေ့လာကြည့်ရှုနှိုင်ပြီးဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်ပါဝင်လောင်းလှူကုသိုလ်ယူနှိုင်ကြမည်ဖြစ်သည်။
အင်းတော်ကြီး ရွှေမ ဉ္ဇူရေလယ်ဘုရား ဖွင့်ပွဲအခမ်းအနားကို မတ်လ(၁)ရက်နေ့ နံနက်(၈)နာရီခွဲတွင်ပြုလုပ်သွားမည် ဖြစ်ပြီး ပွဲတော်သို့လာရောက်ကြမည့်ဧည့်ပရိတ်သတ်များအတွက်အခမဲ့တည်းခိုဆောင်များ ရေချိုးခန်းများနှင့်အညစ်အကြေးစွန်ရန်နေရာများကိုလည်းပွဲတော်ကျင်းပရေးကော်မတီမှစီစဉ်ထားရှိသည်။
အင်းတော်ကြီးအိုင်သည် အလျား(၁၆)မိုင် အနံ(၈)မိုင်ကျယ်ဝန်းပြီးပင်လယ်ရေမျက်နှာပြင်အထက်(၅၄၆)ပေတွင်တည်ရှိကာအရှေ့တောင်အာရှတွင်အကြီးဆုံးကုန်းတွင်းရေနေသဘာဝအင်းကြီးဖြစ်ပေသည်။
အင်းတော်ကြီးအိုင်အတွင်းကျင်လည်ကျက်စားကြသော ငါးမျိုးစိတ်များ ရေပျော်ငှက်များ ကြိုးဝိုင်းသစ်တောအတွင်းမှသစ်ပင်ပန်းမာလ်များ တောရိုင်းတိရစ္ဆာန်များနှင့်ဒေသခံရမ်းတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုများ ကိုလည့်လေ့လာနှိုင်သလိုအင်းတော်ကြီးဒေသမှသဘာဝအလှအပများကိုလည်းကြည့်ရှုလေ့လာခံစားနှိုင်မည်။
အင်းတော်ကြီးအင်း၏သမိုင်းကြောင်းများ အင်းအတွင်တည်ရှိသည့်တန်ခိုးကြီးရွှေမ ဉ္ဇူစေတီတော်၏ သမိုင်းကြောင်းများ မုဆိုမတည်ခဲ့သည့်စေတီသမိုင်းကြောင်းများ နှင့်ငွေမ ဉ္ဇူစေတီ နန့်မီးလောင်ကျေးရွာရှိနှီးဘုရားဂျပန်တို့တည်ထားသည့်စေတီတော်တို့နှင့်လုံတုံအင်းတော်ကြီးမြိ့ုရှိအင်းတော်ကြီးပြခန်းကိုလေ့လာနှိုင်ပြီးအမှတ်တရလက်ဆောင်ပစ္စည်းများလည်းဝယ်ယူနှိုင်သလိုအင်းအတွင်းစက်လှေစီးပြီးအပမ်းဖြေနှိုင်သည်။
အနယ်နယ်အရပ်ရပ်မှအင်းတော်ကြီးဘုရားပွဲတော်သို့လာရောက်လိုပါက မီးရထားဖြင့်လည်းကောင်း မော်တော်ယာဉ်ဖြင့်လည်းကောင်း မိုးညှင့်မြိ့ု/ဟိုပင်မြိ့ုတို့မှတဆင့်အလွယ်တကူသွားလာနှိုင်ပြီးကတ္တရာလမ်းများခင်းထားပြီးလျှပ်စစ်မီးများထိန်ထိန်လင်းနေသဖြင့်အချိန်မရွေး ရာသီမရွေးအလွယ်တကူသွားရောက်နှိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
သတင်း - မင်္ဂလာဦး Source - EPN

0 comments:

Post a Comment