Tuesday, February 18, 2020

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြား ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီ

Image may contain: 4 people, people standing and outdoor

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားများကို ဖေဖော်ဝါရီလ ၂၀ရက်နေ့မှစတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားများသည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ ထုတ်ယူကြရမည်ဖြစ်ကြောင်းသိရသည်။
အပြင်မှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားကို မိမိတို့ဖြေဆိုမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။
ကျောင်းသူ ကျောင်းသားများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းသွင်းထားသည့် လက်ရှိ ကျောင်းသား၊ကျောင်းသူဦးရေသည် (၃၉၄၉၀) ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
Ref ; Myitkyina News Journal
<zawgyi>
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြား ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီ


တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားများကို ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်ကာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အခြေခံပညာကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားများသည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ ထုတ်ယူကြရမည်ဖြစ်ကြောင်းသိရသည်။
အပြင်မှ ဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားကို မိမိတို့ဖြေဆိုမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။
ကျောင်းသူ ကျောင်းသားများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာရင်းသွင်းထားသည့် လက်ရှိ ကျောင်းသား၊ကျောင်းသူဦးရေသည် (၃၉၄၉၀) ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
Ref ; Myitkyina News Journal

0 comments:

Post a Comment