Tuesday, February 18, 2020

ပွင့်ဖြူမြို့နယ်၌ ဆောင်းကြက်သွန်များ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ၍ တောင်သူများ လုပ်ငန်းအဆင်ပြေ

Image may contain: one or more people, outdoor and nature

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု မဲဇလီကျေးရွာ ဆည်တော်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာတို့တွင် တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကြက်သွန် စိုက်ခင်းများ စတင်တူးဖော်သိမ်းဆည်းနေကြပြီဖြစ်ရာ ယခုနှစ်တွင် စိုက်ပျိုးသည့် ကြက်သွန် စိုက်ခင်းများမှာ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်သည့်အပြင် ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိသဖြင့် ကြက်သွန်စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာရှိ ကြက်သွန်စိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကြက်သွန်စိုက်ပျိုးခြင်းကို မုန်းချောင်းတစ်လျှောက် ကျေးရွာများရှိ ဒေသခံ တောင်သူများက မုန်းချောင်းရေကို အမှီပြုပြီး ကိုင်းမြေနှင့် ကျွန်းမြေများတွင် ထွန်ယက်စိုက်ပျိုးမှုများ ရှိသလို အချို့သော ကျေးရွာများမှ တောင်သူများကလည်း မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရကာ အများဆုံးစိုက်ပျိုးသည့် ကျေးရွာမှာ မဲဇလီကျေးရွာအုပ်စု အတွင်းရှိ မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာတို့ဖြစ်ပြီး ပွင့်ဖြူမြို့နယ်မှ ထွက်ရှိသော ဆည်တော် ကြက်သွန်သည် လူကြိုက်များပြီး အရောင်းအဝယ်ကောင်းသော ကြက်သွန်မျိုးဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှာ “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ ကြက်သွန်စိုက်ပျိုးတောင်သူတွေ အထွက်နှုန်း ကောင်းပြီး ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ ကြက်သွန်အများဆုံး စိုက်ပျိုးတဲ့ဒေသကတော့ မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေကတော့ မြေအောက်ရေနဲ့ စိုက်ပျိုးတာဖြစ်ပြီး စိုက်ပျိုးတဲ့ ကြက်သွန်မျိုးကတော့ ရွှေဖလားမျိုး (ဆည်တော်ကြက်သွန်မျိုး) ဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်မှ ထွက်ရှိတဲ့ ဆည်တော် ကြက်သွန်ဆိုရင် လူကြိုက်များပြီး အရောင်းအဝယ် အဆင်ပြေပါတယ်။ ဒီနှစ် ကြက်သွန် စိုက်ပျိုးတဲ့ တောင်သူတွေအများစု ရာသီဉတု ကောင်းမွန်တဲ့ အတွက် ကြက်သွန်အထွက်နှုန်းတွေလည်း ကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက တစ်ဧကကို ကြက်သွန်ပိဿာချိန် ၇၀ဝ၀ လောက်ပဲ ထွက်ရှိပါတယ်။ ဒီနှစ်မှာ ရာသီဉတု မျှတကောင်းမွန်တဲ့အတွက် တစ်ဧက ကြက်သွန်ပိဿာချိန် တစ်သောင်း ကျော်လောက် ထွက်ရှိပါတယ်။ နောက်ပြီး ဒီနှစ်မှာ ကြက်သွန်အထွက်နှုန်းကောင်းသလို ဈေးနှုန်းကလည်း ပေါ်ဦးပေါ်ဖျား တစ်ပိဿာ ငွေကျပ် ၁၃၀ဝ ရောင်းရပါတယ်။ နောက်ပြီး ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ကြက်သွန်ကို မြို့တွေကို သွားရောင်းစရာမလိုပဲ ပွဲစားတွေက စိုက်ခင်းအရောက် ကားတွေနဲ့ လာရောက်ဝယ်ယူတာကြောင့် ခရီးစရိတ်နဲ့ အလုပ်သမားငှားရမ်းခ သက်သာလို့ ပိုပြီးအဆင်ပြေ ပါတယ်။ မနှစ်ကဆိုရင် ဆောင်းကြက်သွန်ပေါ်တဲ့အချိန်မှာ တစ်ပိဿာ ငွေကျပ် (၅၀ဝ ၊ ၆၀ဝ) လောက်ပဲ ရောင်းရပါတယ်။ ဒါ့ကြောင့် ဒီနှစ်ဆောင်း ကြက်သွန်စိုက်ပျိုးတောင်သူတွေ အထွက်နှုန်း ကောင်းပြီး ဈေးကောင်းရရှိလို့ စီးပွားရေးတွက်ခြေကိုက်ပါတယ်။ ဆောင်းကြက်သွန် ပေါ်တဲ့အချိန်မှာ ပေါ်ဦးပေါ်ဖျား ကြက်သွန်ဈေးကောင်းလို့ တောင်သူတွေ အဆင်ပြေသလို ကျေးရွာရှိ ကြက်သွန်ဉတူး အငှားလိုက်တဲ့သူတွေလည်း တစ်ရက်ကို ငွေကျပ် ၅၀ဝ၀ နေ့စဉ် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေကြပါတယ်”ဟု ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှ ဆောင်းကြက်သွန်စိုက်ပျိုး တောင်သူ ဦးသက်နိုင်ထွန်း က ပြောသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ မြေပဲ ၊ နှမ်း ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ကုလားပဲ ၊ နေကြာ ၊ ကြက်သွန် ၊ ခရမ်းချဉ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးသည့်အပြင် ကြံစိုက်ခင်းများနှင့် ငှက်ပျော စိုက်ခင်းများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ထို့အပြင် အချို့ကျေးရွာမှ ဒေသခံတောင်သူများက နှစ်ရှည် သီးနှံများ ဖြစ်သည့် လျှော်ဖြူ ၊ သရက်၊ သနပ်ခါးနှင့် မန်ဂျက်ရှား စိုက်ခင်းများကိုလည်း စမ်းသပ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
Image may contain: one or more people, people sitting, hat, shoes, outdoor and nature
Image may contain: one or more people, people standing, outdoor and nature
သတင်း - ရဲဝင်းနိုင် ( ညောင်ဦး )
<zawgyi>
ပွင့်ဖြူမြို့နယ်၌ ဆောင်းကြက်သွန်များ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိ၍ တောင်သူများ လုပ်ငန်းအဆင်ပြေ
Wednesday , February 19 , 2020

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု မဲဇလီကျေးရွာ ဆည်တော်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာတို့တွင် တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကြက်သွန် စိုက်ခင်းများ စတင်တူးဖော်သိမ်းဆည်းနေကြပြီဖြစ်ရာ ယခုနှစ်တွင် စိုက်ပျိုးသည့် ကြက်သွန် စိုက်ခင်းများမှာ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်သည့်အပြင် ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိသဖြင့် ကြက်သွန်စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာရှိ ကြက်သွန်စိုက်ပျိုးသည့် ဒေသခံ တောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကြက်သွန်စိုက်ပျိုးခြင်းကို မုန်းချောင်းတစ်လျှောက် ကျေးရွာများရှိ ဒေသခံ တောင်သူများက မုန်းချောင်းရေကို အမှီပြုပြီး ကိုင်းမြေနှင့် ကျွန်းမြေများတွင် ထွန်ယက်စိုက်ပျိုးမှုများ ရှိသလို အချို့သော ကျေးရွာများမှ တောင်သူများကလည်း မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရကာ အများဆုံးစိုက်ပျိုးသည့် ကျေးရွာမှာ မဲဇလီကျေးရွာအုပ်စု အတွင်းရှိ မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာနှင့် ညောင်ပင်ဝိုင်းကျေးရွာတို့ဖြစ်ပြီး ပွင့်ဖြူမြို့နယ်မှ ထွက်ရှိသော ဆည်တော် ကြက်သွန်သည် လူကြိုက်များပြီး အရောင်းအဝယ်ကောင်းသော ကြက်သွန်မျိုးဖြစ်ကြောင်း သိရသည်။
ယခုနှစ်မှာ “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ ကြက်သွန်စိုက်ပျိုးတောင်သူတွေ အထွက်နှုန်း ကောင်းပြီး ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ ကြက်သွန်အများဆုံး စိုက်ပျိုးတဲ့ဒေသကတော့ မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေကတော့ မြေအောက်ရေနဲ့ စိုက်ပျိုးတာဖြစ်ပြီး စိုက်ပျိုးတဲ့ ကြက်သွန်မျိုးကတော့ ရွှေဖလားမျိုး (ဆည်တော်ကြက်သွန်မျိုး) ဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်မှ ထွက်ရှိတဲ့ ဆည်တော် ကြက်သွန်ဆိုရင် လူကြိုက်များပြီး အရောင်းအဝယ် အဆင်ပြေပါတယ်။ ဒီနှစ် ကြက်သွန် စိုက်ပျိုးတဲ့ တောင်သူတွေအများစု ရာသီဉတု ကောင်းမွန်တဲ့ အတွက် ကြက်သွန်အထွက်နှုန်းတွေလည်း ကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက တစ်ဧကကို ကြက်သွန်ပိဿာချိန် ၇၀ဝဝ လောက်ပဲ ထွက်ရှိပါတယ်။ ဒီနှစ်မှာ ရာသီဉတု မျှတကောင်းမွန်တဲ့အတွက် တစ်ဧက ကြက်သွန်ပိဿာချိန် တစ်သောင်း ကျော်လောက် ထွက်ရှိပါတယ်။ နောက်ပြီး ဒီနှစ်မှာ ကြက်သွန်အထွက်နှုန်းကောင်းသလို ဈေးနှုန်းကလည်း ပေါ်ဦးပေါ်ဖျား တစ်ပိဿာ ငွေကျပ် ၁၃၀ဝ ရောင်းရပါတယ်။ နောက်ပြီး ကျွန်တော်တို့ တောင်သူတွေအနေနဲ့ ကြက်သွန်ကို မြို့တွေကို သွားရောင်းစရာမလိုပဲ ပွဲစားတွေက စိုက်ခင်းအရောက် ကားတွေနဲ့ လာရောက်ဝယ်ယူတာကြောင့် ခရီးစရိတ်နဲ့ အလုပ်သမားငှားရမ်းခ သက်သာလို့ ပိုပြီးအဆင်ပြေ ပါတယ်။ မနှစ်ကဆိုရင် ဆောင်းကြက်သွန်ပေါ်တဲ့အချိန်မှာ တစ်ပိဿာ ငွေကျပ် (၅၀ဝ ၊ ၆၀ဝ) လောက်ပဲ ရောင်းရပါတယ်။ ဒါ့ကြောင့် ဒီနှစ်ဆောင်း ကြက်သွန်စိုက်ပျိုးတောင်သူတွေ အထွက်နှုန်း ကောင်းပြီး ဈေးကောင်းရရှိလို့ စီးပွားရေးတွက်ခြေကိုက်ပါတယ်။ ဆောင်းကြက်သွန် ပေါ်တဲ့အချိန်မှာ ပေါ်ဦးပေါ်ဖျား ကြက်သွန်ဈေးကောင်းလို့ တောင်သူတွေ အဆင်ပြေသလို ကျေးရွာရှိ ကြက်သွန်ဉတူး အငှားလိုက်တဲ့သူတွေလည်း တစ်ရက်ကို ငွေကျပ် ၅၀ဝဝ နေ့စဉ် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေကြပါတယ်”ဟု ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှ ဆောင်းကြက်သွန်စိုက်ပျိုး တောင်သူ ဦးသက်နိုင်ထွန်း က ပြောသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ မြေပဲ ၊ နှမ်း ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ကုလားပဲ ၊ နေကြာ ၊ ကြက်သွန် ၊ ခရမ်းချဉ်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးသည့်အပြင် ကြံစိုက်ခင်းများနှင့် ငှက်ပျော စိုက်ခင်းများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ၊ ထို့အပြင် အချို့ကျေးရွာမှ ဒေသခံတောင်သူများက နှစ်ရှည် သီးနှံများ ဖြစ်သည့် လျှော်ဖြူ ၊ သရက်၊ သနပ်ခါးနှင့် မန်ဂျက်ရှား စိုက်ခင်းများကိုလည်း စမ်းသပ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
သတင်း - ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment