Wednesday, February 19, 2020

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် ကုန်းလမ်း ရေလမ်းကြောင်းများ ပိတ်ထားသဖြင့် အခြေခံကုန်စျေးနှုန်းများ မြှင့်တက်နေ

Image may contain: outdoor
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဆန်ပြတ်လပ်လုနီးပါးဖြစ်နေမှုနှင့် အခြေခံကုန်စျေးနှုန်းများ မြှင့်တက်နေမှုကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့က ကူညီဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ချင်းပြည် နယ် အစိုးရအဖွဲ့ပြောခွင့်ဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးစိုးထက်က ပြောသည်။

AA သောင်းကျန်းသူအဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်၌ ဆန်ပြတ်လပ်မှုဖြစ်ပေါ်လာပြီး အခြေခံကုန်စျေးနှုန်းများမြင့်တက်လာကြောင်း ဒေသခံများက ဆိုပါတယ်။ ယခင်က ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှ ကုန်သွယ်၊ အရောင်းအဝယ်သမားများသည် ပလက်ဝမြို့သို့ ရေလမ်းကြောင်းမှ စက်လှေဖြင့် ပုံမှန်သယ်ယူအရောင်းအဝယ်ပြုလုပ်နေပြီး စက်လှေပိတ်လိုက်ခြင်းကြောင့် ယခုလိုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြို့နယ်က တင်ပြလာတဲ့အပေါ်မှာ ပြည်နယ်အစိုးရကနေ ပြည်ထောင်စုကို တင်ပြထားပြီးပြီ။ လက်ရှိနောက်ဆုံး အခြေအနေတွေလည်း တင်ပြနေတယ်။ ဒါကိုပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေက ကူညီဆောင်ရွက်ဖို့ လုပ်နေတယ်။ ဒါပေမယ့်လက်တွေ့မှာ နယ်မြေကအေးချမ်းမှုမရှိတဲ့အတွက် တပ်မတော်လွှဲပြီး ကျန်တဲ့သူတွေ က ဆက်လုပ်ဖို့ အဆင်မပြေတဲ့သဘောရှိတယ်။ ပလက်ဝနဲ့ ကျောက်တော်ရေလမ်းကြောင်းကနေ သွားလို့ မရဘူး။ ကားလမ်းကြောင်းကနေလဲသွားလို့မရဘူး” ဟု ဦးစိုးထက်ကပြောသည်။
ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများသည် တိုက်ပွဲဖြစ်ပွား နေမှုကြောင့် မပြေးဆွဲတော့ခြင်းဖြစ်သည်ဟု သိရသည်။ ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများပိတ်လိုက်ခြင်းကြောင့် ကျောက်တော်ဘက်တွင် ပလက်ဝဒေသခံလူဦးရေ ၂၀၀ ခန့်အား သောင်တင်ပိတ်မိနေခြင်းဖြစ်သည်။ ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများမပြေးဆွဲတော့သည့်အတွက် မြို့ပေါ်တွင် အရေးပေါ်သိုလှောင်ထားသည့် ဆန်အနည်းငယ်သာ ကျန်တော့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
“မြို့ပေါ်က ဆန်ဆိုင်တွေဆိုရင် ရောင်းစရာဆန်တွေမရှိလို့ ပိတ်ထားရတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က အရေးပေါ်နဲ့ ဒုက္ခသည်တွေကူညီဖို့ သိုလှောင်ထားတဲ့ဆန်တွေ ထုတ်ရောင်းနေတယ်။ အရင်က ကြက်ဥ ၇ လုံးမှ ငွေကျပ် ၁၀၀၀ ပါ။ အခုဆိုရင် ကြက်ဥ ၃ လုံး ၁၀၀၀ ဖြစ်နေတယ်။ အခြေခံကုန်စျေးနှုန်းကလဲ မြှင့်တက် လာတယ်”ဟု ပလက်ဝမြို့ဒေသခံတစ်ဦးကပြောသည်။
Ref-People Media #Myanmar_Online_News
>>Zawgyi<<
ပလက်ဝမြို့နယ်တွင် တိုက်ပွဲများကြောင့် ကုန်းလမ်း ရေလမ်းကြောင်းများ ပိတ်ထားသဖြင့် အခြေခံကုန်စျေးနှုန်းများ မြှင့်တက်နေ
Wednesday , February 19 , 2020

0 comments:

Post a Comment