Tuesday, February 18, 2020

ဗြိတိန်ရင်းနှီးမြှုပ်နှံမှုဘဏ် HSBC ဘဏ်မှ တစ်နှစ်တာအကျိုးအမြတ်ကျဆင်းလာခြင်းကြောင့် ဝန်ထမ်း ၃၅၀၀၀ လျှော့ချ

Image may contain: one or more people, shoes and outdoor
၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အာရှကို ပစ်မှတ်ထားတဲ့ ဗြိတိန် ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး HSBC သည် တစ်နှစ်တာအကျိုးအမြတ် သိသိသာသာ ကျဆင်း သွားတဲ့နောက်တွင် ၎င်းကုပ္မဏီ၏ဝန်ထမ်း ၃၅၀၀၀ လျှော့ချလိုက်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွက် အခွန်မဆောင်မီ အကျိုးအမြတ်ဟာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံ ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ကနဲ့ စာရင်း သုံးပုံတစ်ပုံလျော့ကျသွားတာဖြစ်ပြီး ဥရောပမှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်မှု ဘဏ်လုံးငန်းတွေမှာ ကြွေးဆုံး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ သန်းရှိခဲ့တာကြောင့် အဲဒီလို ထိခိုက်ခဲ့တာဖြစ်သည်။
ဒီလို ထိခိုက်ခဲ့တာကြောင့် ဝန်ထမ်းလျှော့ချတာတွေ တွေ့မြင်ရမယ်လို့ မျှော်မှန်းထားခဲ့ကြပေမယ့် လက်တွေ့မှာတော့ ဝန်ထမ်းလျှော့ချမှုဟာ မျှော်မှန်းထားတာထက် တော်တော်လေးကို ပိုများနေခဲ့ကာ နောက်သုံးနှစ်အတွင်းမှာ တစ်ကမ္ဘာလုံးက ဝန်ထမ်းအင်အား ၁၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့လည်း HSBC က ပြောကြားထားသည်။
HSBC ဟာ အမေရိကန်-တရုတ် ကုန်သွယ်စစ်၊ အီးယူကနေ ဗြိတိန် နုတ်ထွက်မှု၊ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်း ရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ မရေရာမှုတွေ ကြားထဲမှာ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် ကြိုတင် ပြင် ဆင်နေတာလည်းဖြစ်ကြောင်း သိရပါသည်။
Image may contain: text
Image may contain: one or more people
Source: AFP
>>Zawgyi<<
ဗြိတိန်ရင်းနှီးမြှုပ်နှံမှုဘဏ် HSBC ဘဏ်မှ တစ်နှစ်တာ အကျိုးအမြတ်ကျဆင်းလာခြင်းကြောင့် ဝန်ထမ်း ၃၅၀၀၀ လျှော့ချ
Wednesday , February 19 , 2020

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အာရှကို ပစ်မှတ်ထားတဲ့ ဗြိတိန် ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး HSBC သည် တစ်နှစ်တာအကျိုးအမြတ် သိသိသာသာ ကျဆင်း သွားတဲ့နောက်တွင် ၎င်းကုပ္မဏီ၏ဝန်ထမ်း ၃၅၀၀၀ လျှော့ချလိုက်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွက် အခွန်မဆောင်မီ အကျိုးအမြတ်ဟာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃ ဘီလီယံ ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ကနဲ့ စာရင်း သုံးပုံတစ်ပုံလျော့ကျသွားတာဖြစ်ပြီး ဥရောပမှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်မှု ဘဏ်လုံးငန်းတွေမှာ ကြွေးဆုံး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ သန်းရှိခဲ့တာကြောင့် အဲဒီလို ထိခိုက်ခဲ့တာဖြစ်သည်။
ဒီလို ထိခိုက်ခဲ့တာကြောင့် ဝန်ထမ်းလျှော့ချတာတွေ တွေ့မြင်ရမယ်လို့ မျှော်မှန်းထားခဲ့ကြပေမယ့် လက်တွေ့မှာတော့ ဝန်ထမ်းလျှော့ချမှုဟာ မျှော်မှန်းထားတာထက် တော်တော်လေးကို ပိုများနေခဲ့ကာ နောက်သုံးနှစ်အတွင်းမှာ တစ်ကမ္ဘာလုံးက ဝန်ထမ်းအင်အား ၁၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့လည်း HSBC က ပြောကြားထားသည်။
HSBC ဟာ အမေရိကန်-တရုတ် ကုန်သွယ်စစ်၊ အီးယူကနေ ဗြိတိန် နုတ်ထွက်မှု၊ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်း ရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ မရေရာမှုတွေ ကြားထဲမှာ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် ကြိုတင် ပြင် ဆင်နေတာလည်းဖြစ်ကြောင်း သိရပါသည်။
Source: AFP

0 comments:

Post a Comment