Tuesday, February 18, 2020

အညာဒေသ အလှူပွဲ၊ မင်္ဂလာပွဲများတွင် မြန်မာ့ရိုးရာရွှေလှည်းယဉ် ငှားရမ်းမှု မြင့်တက်လာ

Image may contain: one or more people and outdoor

အညာဒေသ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာ မြန်မာ့ရိုးရာရွှေလှည်းယဉ် ငှားရမ်းမှု မြင့်တက်လာတယ်လို့ ရွှေလှည်းယာဉ် ငှားရမ်းတဲ့ လုပ်ငန်းကိုင်သူတွေကပြောပါတယ်။ ရွှေလှည်းယဉ်တွေကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေက သိပ်မသုံးခဲ့ကြပေ မယ့် အခုနောက်ပိုင်းမှာတော့ ငှားရမ်းသူ များပြားလာတာပါ။ တချို့အလှူပွဲတွေမှာ ရွှေလှည်းယဉ် (၁၅)စီးကနေ အစီး(၂၀)လောက်အထိ ငှားရမ်းလာကြတာမျိုးရှိတယ်လို့ မလှိုင်မြို့က မင်းဟိန်းထက် ရွှေလှည်းယဉ်ငှား လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇီးကွက်က အခုလိုပြောပါတယ်။ “ ရွှေလှည်းယဉ် (၁၅)စီးလောက်ကြတော့ လှည်းထောင်းထားသူ အချင်းချင်း ဆက်သွယ်ပြီး ကူညီပေးရတာပေါ့” လို့ ပြောပါတယ်။
ဒီနှစ်မှာ မနှစ်ကလောက် အလှူပွဲမများပေမယ့် ရွှေလှည်းယဉ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာတဲ့အတွက် ငှားရမ်းမှု ပိုမိုမြင့်တက်လာတာလို့ဆိုပါတယ်။ အညာဒေသ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာ မြန်မာ့ရိုးရာ ရွှေလှည်းယဉ် ကို အသုံးပြုတာဟာ လိုက်ဖက်တဲ့အပြင် မြန်မာ့ရိုးရာဓလေ့နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းရာ ရောက်တဲ့အတွက် ဒီလုပ်ငန်းက ရှိသင့်တယ်လို့ ကိုဇီးကွက်ကပြောပါတယ်။
အညာဒေသ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာ ရွှေလှည်းယဉ်ငှားရမ်းမှု မြင့်တက်လာတဲ့အတွက် မလှိုင်မြို့မှာလည်း ရွှေလှည်းယဉ်ငှားရမ်းတဲ့ လုပ်ငန်းအပြင် ရွှေလှည်းယဉ်အလှဆင်တဲ့ လုပ်ငန်းအထိ တိုးချဲ့လုပ်ကိုင်သူတွေ ပိုများ လာတယ်လို့လည်း ရွှေလှည်းယဉ်လုပ်ငန်း လုပ်ကိုင်သူတွေကဆိုပါတယ်။
Image may contain: one or more people
Image may contain: one or more people, people on stage, people standing and outdoor
သတင်း- ဘိုဘို(မလှိုင်)
<zawgyi>
အညာဒေသ အလှူပွဲ၊ မင်္ဂလာပွဲများတွင် မြန်မာ့ရိုးရာရွှေလှည်းယဉ် ငှားရမ်းမှု မြင့်တက်လာ
Wednesday , February 19 , 2020

အညာဒေသ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာ မြန်မာ့ရိုးရာရွှေလှည်းယဉ် ငှားရမ်းမှု မြင့်တက်လာတယ်လို့ ရွှေလှည်းယာဉ် ငှားရမ်းတဲ့ လုပ်ငန်းကိုင်သူတွေကပြောပါတယ်။ ရွှေလှည်းယဉ်တွေကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေက သိပ်မသုံးခဲ့ကြပေ မယ့် အခုနောက်ပိုင်းမှာတော့ ငှားရမ်းသူ များပြားလာတာပါ။ တချို့အလှူပွဲတွေမှာ ရွှေလှည်းယဉ် (၁၅)စီးကနေ အစီး(၂၀)လောက်အထိ ငှားရမ်းလာကြတာမျိုးရှိတယ်လို့ မလှိုင်မြို့က မင်းဟိန်းထက် ရွှေလှည်းယဉ်ငှား လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇီးကွက်က အခုလိုပြောပါတယ်။ “ ရွှေလှည်းယဉ် (၁၅)စီးလောက်ကြတော့ လှည်းထောင်းထားသူ အချင်းချင်း ဆက်သွယ်ပြီး ကူညီပေးရတာပေါ့” လို့ ပြောပါတယ်။
ဒီနှစ်မှာ မနှစ်ကလောက် အလှူပွဲမများပေမယ့် ရွှေလှည်းယဉ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာတဲ့အတွက် ငှားရမ်းမှု ပိုမိုမြင့်တက်လာတာလို့ဆိုပါတယ်။ အညာဒေသ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာ မြန်မာ့ရိုးရာ ရွှေလှည်းယဉ် ကို အသုံးပြုတာဟာ လိုက်ဖက်တဲ့အပြင် မြန်မာ့ရိုးရာဓလေ့နဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းရာ ရောက်တဲ့အတွက် ဒီလုပ်ငန်းက ရှိသင့်တယ်လို့ ကိုဇီးကွက်ကပြောပါတယ်။
အညာဒေသ အလှူပွဲနဲ့ မင်္ဂလာပွဲတွေမှာ ရွှေလှည်းယဉ်ငှားရမ်းမှု မြင့်တက်လာတဲ့အတွက် မလှိုင်မြို့မှာလည်း ရွှေလှည်းယဉ်ငှားရမ်းတဲ့ လုပ်ငန်းအပြင် ရွှေလှည်းယဉ်အလှဆင်တဲ့ လုပ်ငန်းအထိ တိုးချဲ့လုပ်ကိုင်သူတွေ ပိုများ လာတယ်လို့လည်း ရွှေလှည်းယဉ်လုပ်ငန်း လုပ်ကိုင်သူတွေကဆိုပါတယ်။
သတင်း- ဘိုဘို(မလှိုင်)

0 comments:

Post a Comment