Tuesday, February 18, 2020

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း အိန္ဒိယရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆိုကာ နှစ်နိုင်ငံ‌ရေတပ်ဆိုင်ရာ ကိစ္စရပ်များတွေ့ဆုံ ဆွေးနွေး

Image may contain: one or more people, people sitting, table and indoor

ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ရှေ့၌ အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ဂုဏ်ပြု ကြိုဆိုသည်။

ဂုဏ်ပြုကြိုဆိုပွဲသို့ အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC သည် မော်တော် ယာဉ်ဖြင့် ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကြိုဆိုနှုတ် ဆက်သည်။
ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် အိန္ဒိယရေတပ် ဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် အိန္ဒိယ ရေတပ် ဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး ဂုဏ်ပြု ကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် အရာရှိကြီးများ နှင့် အပြန်အလှန် မိတ်ဆက်ပေးကြ သည်။
၎င်းနောက် အိန္ဒိယရေတပ်ဦးစီးချုပ်ကဘုရင့်နောင်ရိပ်သာဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အိန္ဒိယ ရေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင် ရိပ်သာဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အတူ တပ်မတော်(ရေ)မှ အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယရေတပ် ဦးစီးချုပ်နှင့်အတူ အိန်္ဒိယ ရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူး Captain Prashanth Mohonan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် စစ်ရေယာဉ်များအပြန် အလှန်စေလွှတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဦးစီး အရာရှိများ တွေ့ဆုံ ဆွေးနွေး ပွဲများ ပြုလုပ်ခြင်း၊ နှစ်နိုင်ငံပင်လယ်ပြင်နယ်နိမိတ်မျဉ်းတစ်လျှောက် ညှိနှိုင်းကင်းလှည့်ခြင်းနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရေကြောင်းလုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အိန္ဒိယ ရေတပ် ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်၍ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက် ကြသည်။
ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Aureum Palace ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အိန္ဒိယရေတပ် ဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြားကြပြီး တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မြဝတီ တေးဂီတ အဖွဲ့က တေးသီချင်းများ၊ အက ပဒေသာများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြသည်။
ညစာသုံးဆောင် အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် အိန္ဒိယ ရေတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက် ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people standing, tree, sky, crowd and outdoor
Image may contain: one or more people, people standing, sky and outdoor
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online-News
>>Zawgyi<<
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း အိန္ဒိယရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆိုကာ နှစ်နိုင်ငံ‌ရေတပ်ဆိုင်ရာ ကိစ္စရပ်များတွေ့ဆုံ ဆွေးနွေး
Wednesday , February 19 , 2020

ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ရှေ့၌ အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ဂုဏ်ပြု ကြိုဆိုသည်။
ဂုဏ်ပြုကြိုဆိုပွဲသို့ အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC သည် မော်တော် ယာဉ်ဖြင့် ရောက်ရှိလာရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကြိုဆိုနှုတ် ဆက်သည်။
ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် အိန္ဒိယရေတပ် ဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့်သို့ သွားရောက်၍ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် အိန္ဒိယ ရေတပ် ဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး ဂုဏ်ပြု ကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် အရာရှိကြီးများ နှင့် အပြန်အလှန် မိတ်ဆက်ပေးကြ သည်။
၎င်းနောက် အိန္ဒိယရေတပ်ဦးစီးချုပ်ကဘုရင့်နောင်ရိပ်သာဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အိန္ဒိယ ရေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင် ရိပ်သာဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အတူ တပ်မတော်(ရေ)မှ အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယရေတပ် ဦးစီးချုပ်နှင့်အတူ အိန်္ဒိယ ရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူး Captain Prashanth Mohonan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် စစ်ရေယာဉ်များအပြန် အလှန်စေလွှတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဦးစီး အရာရှိများ တွေ့ဆုံ ဆွေးနွေး ပွဲများ ပြုလုပ်ခြင်း၊ နှစ်နိုင်ငံပင်လယ်ပြင်နယ်နိမိတ်မျဉ်းတစ်လျှောက် ညှိနှိုင်းကင်းလှည့်ခြင်းနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရေကြောင်းလုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အိန္ဒိယ ရေတပ် ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်၍ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက် ကြသည်။
ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Aureum Palace ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အိန္ဒိယရေတပ် ဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက် စကားများ အသီးသီး ပြောကြားကြပြီး တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မြဝတီ တေးဂီတ အဖွဲ့က တေးသီချင်းများ၊ အက ပဒေသာများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြသည်။
ညစာသုံးဆောင် အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် အိန္ဒိယ ရေတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက် ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online-News

0 comments:

Post a Comment