Monday, January 29, 2018

နေရပ်စွန့်ခွာသူများ ယခုလထက်စော၍ ပြန်လည်ဝင်ရောက်လာနိုင်ဖွယ်မရှိဟု ဒေါက်တာဝင်းမြတ်အေးပြော



ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြန်လည်စိစစ်ရေးလုပ်ငန်းစဉ် များ ရှိနေသောကြောင့် နေရပ်စွန့် ခွာသူများ ယခုလကုန်ထက်စော ၍ ပြန်လည်ဝင်ရောက်လာနိုင် ဖွယ်မရှိကြောင်း UEHRD ကော် မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ် အေးက ပြောသည်။
ပထမဆုံးအကြိမ် ပြန်လည် လက်ခံမည့် လူစာရင်းကို ဇန်နဝါရီ၁၆ ရက်တွင် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ ပေးပို့ခဲ့ ပြီး တစ်ဖက်နိုင်ငံတွင် ပြန်လည် စိစစ်ရေးလုပ်ငန်း နှစ်ပတ်ခန့် အချိန်ယူမည်ဖြစ်၍ ယခုလကုန်နောက်ပိုင်းမှသာ နေရပ်စွန့်ခွာသူ များ ဝင်လာနိုင်ဖွယ်ရှိကြောင်း ရခိုင်ပြည်နယ်အတွင်း လူသား ချင်းစာနာမှု      အကူအညီအ ထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံ ကိန်း (UEHRD) ကော်မတီ ဒုဥက္ကဋ္ဌက ရှင်းပြသည်။

‘‘၁၆ ရက်ကနေ နှစ်ပတ် ပေါင်းလိုက်ရင် ၃၀ ပေါ့။ ရိုးရိုး လေးတွေးရင် လကုန်ထက်စော ပြီး မရောက်နိုင် ဘူးပေါ့လေ။ ဘာ လို့လဲဆိုတော့ သူတို့က နှစ်ပတ် လောက် အချိန်ယူရတယ်ပြော တယ်’’ဟု ဒေါက်တာ ဝင်းမြတ် အေးက ဆိုသည်။

၂၀၁၇ နိုဝင်ဘာ ၂၃ ရက် တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံချုပ်ဆိုသော သဘောတူ စာချုပ်အရ နှစ်လ အတွင်း နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံ ရန် မြန်မာအစိုးရက ဇန်နဝါရီ ၂၃ ရက်၌ အသင့်ပြင် ထားသော် လည်း ယင်းရက်ကစ၍ တစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်လာသူတစ် ဦးမျှ မရှိပေ။

ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများကို ကုန်းလမ်းမှ ဝင် ရောက်လာလျှင် တောင်ပြိုလက် ဝဲစခန်းမှ လည်းကောင်း၊ ရေလမ်းမှ ဝင်ရောက်လာလျှင် ငါးခူရစခန်းမှလည်းကောင်း ပြန်လည်လက်ခံရန် စီစဉ် ထားသည်။

နေရပ်စွန့်ခွာသူများ မည် သည့်အတွက်ကြောင့် ပြန်လည် ရောက်ရှိမလာသည်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ ရှ်အစိုးရက လက်ရှိအချိန်အထိ တစ်စုံတစ်ရာတရားဝင် အကြောင်းမကြားကြောင်း ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

‘‘ကျွန်တော်တို့ကတော့ လုပ် ရမယ့်အတိုင်းပဲ ကျွန်တော်တို့ ဝန်ထမ်းတွေရော၊ တခြားဝန်ထမ်း တွေရော အဆင်သင့်ဖြစ်နေကြ တယ်။ ဆောက်စရာရှိတာတွေ လည်း ဆက်ဆောက်နေကြ တယ်။ လုပ်နေကြတယ်။ (ဘင်္ဂ လားဒေ့ရှ်ဘက်က) ရုံးစာအနေနဲ့ အကြောင်းပြန်တာမျိုးတော့ မရှိ သေးဘူး’’ဟု ဒေါက်တာဝင်းမြတ် အေးက ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်လာသူများအား ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ စိစစ် ၍ အချက် အလက်ခိုင်မာသူများ၊ ဖြစ်ခွင့်ရှိသူများကိုသာ မြန်မာ နိုင်ငံသားအဖြစ် NVC ကတ်ထုတ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘နိုင်ငံသားဖြစ်ခွင့်ဆိုတာ ဒီ နိုင်ငံရဲ့ ဥပဒေအရ နိုင်ငံသားဖြစ် မယ်လေ။ ဒီနိုင်ငံရဲ့ ဥပဒေအရပဲ ရမှာပေါ့။ ဒီနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် သူတို့လျှောက် ထားလို့ရမယ်။ ဒါကြောင့် သူတို့ ရောက်ရောက်ချင်း အဲဒီကိစ္စကို အမြန်ဆုံးလုပ်ပေးချင်လို့၊ အား လုံးသည် နိုင်ငံသားဖြစ်ခွင့်ဆောင် ရွက်ပေးမယ့် လုပ်ငန်းစဉ်ထဲ လျှောက်လွှာတွေ ဝင်ရမယ်’’ဟု ဒေါက်တာဝင်းမြတ်အေးက ပြော သည်။

ထို့အပြင် ပြန်လည်ဝင် ရောက်လာသူများကို မောင်တော မြို့နှင့် အလှမ်းမဝေးသည့် လှဖိုး ခေါင်ကြားစခန်း တွင် ထားရှိမည် ဖြစ်သော်လည်း ကျေးရွာစီမံကိန်း (Village Plan) အရ ၎င်းတို့၏ မူလနေရာတွင် ယခင် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့်အတိုင်း နေထိုင်ခွင့်ပြု မည်ဖြစ်ကြောင်း UEHRD ကော် မတီဒုဥက္ကဋ္ဌက ဆိုသည်။

7Day

0 comments:

Post a Comment