Wednesday, January 24, 2018

ပဲခူးတိုင်းအစိုးရ လစ်လပ်ဝန်ကြီးနေရာ ၂ နေရာအတွက် လွှတ်တော်တွင် အဆိုတင်သွင်း


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လစ်လပ်ဝန်ကြီးနေရာ နှစ်နေရာအတွက် ၀န်ကြီးသစ် ၂ဦးကို ခန့်အပ်ဖို့   ဒီနေ့ ကျင်းပတဲ့ ပဲခူးတိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ကြပါတယ်။
ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ သယံဇာတသစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ၂ နေရာကို ဒီနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာပါ။

သနပ္ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်း ကို သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် အဆိုတင်သွင်း ပြီး စည်ပင်နှင့် လူမှုရေး ဝန်ကြီးနေရာကို အုတ်ဖိုမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေး တို့ကိုခန့်အပ်ဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်မှ အဆိုတင်သွင်းထား ပါတယ်။

အတည်ပြု ခန့်အပ်ဖို့ကိုတော့ နေ့လယ်ပိုင်း လွှတ်တော်အစည်းအဝေးမှာ အတည်ပြု ဆွေးနွေးမှာ ဖြစ်တယ် လို့ သိရပါတယ်။

သတင်း – အောင်စိုးမိုး
DVB

0 comments:

Post a Comment