Saturday, January 27, 2018

တစ်ကိုယ်တော်ခွေအတွက် စိတ်လှုပ်ရှားနေတဲ့ ဘီလီလမင်းအေး


Myanmar Idol Season 2 တွင် First Runner Up ဆုရရှိခဲ့သောအဆိုတော်ဘီလီလ မင်းအေးက လက်ရှိ ပြင်ဆင်နေ သော တစ်ကိုယ်တော်တေး အယ်လ်ဘမ်ကို ဖေဖော်ဝါရီကုန် တွင် ဖြန့်ချိမည်ဖြစ်သည်။
‘‘ဒီအခွေလေးကိုတော့ အား ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီ သီချင်းခွေက ဖူးတို့ Idol အပြီး ဧပြီလောက်က တည်းက အရမ်း ကြိုးစားခဲ့ကြတာဆိုတော့ ဒီသီ ချင်းခွေလေးကိုလည်း ဆရာ ဥက္ကာတို့၊ တီချယ်ထရေစီတို့က သီချင်း ရွေးတာကအစ အကုန်လုပ်ထား ပေးတယ်။ ဆရာတို့၊ ဆရာမတို့ ကလည်း အရမ်းပဲ ပါဝင်ကူညီပေး ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီသီချင်းခွေကတော့ အကောင်း ဆုံးဖြစ်လာမယ်လို့ ဖူးထင်ပါ တယ်’’ ဟု ၎င်းကပြောကြားသည်။

သီချင်း ၁၂ ပုဒ်နှင့် လက် ဆောင်တစ်ပုဒ် စုစုပေါင်း ၁၃ ပုဒ် ပါဝင်မည်ဖြစ်ပြီး တေးရေးဆရာ များအနေဖြင့် ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဟဲလေး၊ ရဲလေး၊ ကောင်းကောင်း၊ သုခမိန်လှိုင်နှင့် ဝေကြီးတို့ပါဝင်သည်။

‘‘အရမ်းမျှော်လင့်ပါတယ်။ ဖူး Idol မှာ ပြိုင်ခဲ့ပြီးနောက်ပိုင်း ဖူးကို လူတွေသိလာခဲ့တယ်။ ဒီ ပထမဆုံး အယ်လ်ဘမ်လေးကလည်း ဖူးအတွက် အနုပညာလမ်း ကြောင်းပေါ်ကိုစလျှောက်တဲ့ ဖူးရဲ့မှတ်တိုင်တစ်ခုဖြစ် မှာပါ။ အဲဒီအ တွက် ဖူး အရမ်းမျှော်လင့်သလို ဒီအခွေလေးက ဖူးအတွက် အရမ်း လည်းအရေးကြီးတယ်။ ဖူးအတွက်ဆုံးဖြတ်ပေးမယ့် နေ့တစ်နေ့ ရောက်လာတော့မှာ ဖြစ်တဲ့အ တွက် အရမ်းစိတ်လှုပ်ရှားနေပါ တယ်’’ ဟု ဘီလီလမင်းအေးက ပြောသည်။

သီချင်းအမျိုးအစားမျိုးစုံ ထည့်သွင်းထားသလို အသည်း ကွဲသီချင်းများပို၍ ထည့်သွင်းဖြစ် ပြီး သီချင်းဟောင်းနှစ်ပုဒ်ကို ဗား ရှင်းပြောင်း၍ သီဆိုထားသည်။

ဘီလီလမင်းအေးသည် ဖေ ဖော်ဝါရီ ၂ ရက်တွင် တော်ဝင်ဂါး ဒင်းဟိုတယ်၌ ပြုလုပ်မည့် Yangon Runway Girl's Collection Second Edition ပွဲတွင် ကမ္ဘာ ကျော်အဆိုတော် IYZA နှင့်အတူ Pyramid သီချင်းကို သီဆိုဖျော် ဖြေမည်ဖြစ်သည်။

7Day

0 comments:

Post a Comment