Monday, January 29, 2018

ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ နိုင်ငံရေးအမြတ်မထုတ်သင့်ပါ


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွား လာတော့မယ့် ပုံစံပေါက်နေတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးကို ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးအမြတ်ထုတ်နေကြတာ တွေကြောင့်လို့ ဆိုရမှာ ပါ။ အထူးသဖြင့်မိတ်ဆွေမှန်းရန်သူမှန်း မခွဲခြားတတ်ဘဲ အတိတ်က အရိပ်မည်း တွေကို လက်ညှိုးထိုးကာ မနာလိုမုန်း ထားမှုတွေနဲ့ အဖွဲ့ အစည်းတစ်ခုကို ဝိုင်းဝန်းတိုက်ခိုက်နေကြ တာကို တွေ့ရပါတယ်။ 


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏလူငယ်လေ့ ကျင့်ရေးစခန်းခွဲမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံတဲ့ အနေနဲ့ ငြိမ်းချမ်းရေး သရုပ်ဖော်ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတ ဖျော်ဖြေပွဲနှင့် ချစ်ကြည်ရေး ဘောလုံးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ (ခ)ကျော်မင်းယု၊ စောဖိုးခွားတို့ ဦးစီးပြီး လုပ်ခဲ့ တယ်လို့ သိရတယ်။

ဒီပွဲလုပ်တဲ့ ရည်ရွယ်ချက်ကိုတော့ လက်ခံလို့ ရပေမယ့် ဖျော်ဖြေရေး အစီအစဉ် မှာ ငြိမ်းချမ်းရေးသရုပ်ဖော်မှု ပါဖောမန့်တစ်ခုဟာ စစ်တပ်ကိုသိသိသာသာ ထိုးနှက်တိုက်ခိုက် လိုက် တာကိုတွေ့ရတယ်။ ဒါဟာ အမျိုး သားရင်ကြားစေ့ရေးကို အရမ်းသွေဖည်လွန်းတဲ့ လုပ်ရပ် တစ်ခု ဖြစ်ပါတယ်။ ဒီပါဖောမန့်ကို ကြည့်လိုက်တာ နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်တပ်ကို နိုင်ငံရေးအရ အငြိုးအတေးတွေနဲ့ ကြုံတိုင်းတိုက် ခိုက်နေတယ်ဆိုတာ သိသာတယ်။ အထူးသဖြင့် ဒီကိစ္စဟာ မင်းကိုနိုင်ရဲ့စနက်တွေ အများကြီးပါတယ်ဆို တာ သိသာလွန်းပါတယ်။

မင်းကိုနိုင်ဆိုတာ အရင် ကတည်းက နိုင်ငံရေးသမားယောင်ယောင် စာပေသမားယောင်ယောင်နဲ့ ယောင်ခြောက်ဆယ် လုပ်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစိုးရအဖွဲ့မှာ အဖီဆွဲနေတဲ့သူ တစ်ယောက်ဖြစ် ပါတယ်။ တာဝန်သိသလိုလို တာဝန်ရှိသလိုလိုနဲ့ ဘယ်သူမှတာဝန်ပေးမထားဘဲ ငြိမ်းချမ်းရေးဆိုပြီး ထင်ရာ လျှောက်လုပ်နေတယ်။ ငြိမ်းချမ်းရေး ဟောပြောပွဲလို့သာပြောတဲ့ မင်းကိုနိုင် ဟောပြောသမျှကို ပြန်ကြည့်ရင် အတိတ်ကမကျေနပ်ချက်တွေကို စင်ပေါ်တက်ပြီး အတင်းပြောတာတွေက များတယ်။ ဒေါ်အောင်ဆန်း စုကြည်သာ မင်းကိုနိုင်ကို ငြိမ်းချမ်းရေးအတွက် တကယ်အားကိုးရင် ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ ဒေါက်တာ တင်မျိုးဝင်း အဖွဲ့မှာ တစ်ထောင့်တစ်နေရာကနေပြီး လုပ်ခိုင်းစေမှာ သေချာတယ်။

ဘာမှဖြစ်ဖြစ် မြောက်မြောက် မလုပ်တတ်မကိုင်တတ် အရည်အချင်းမရှိ လို့သာ အခုလို ဘယ်နေရာမှ ပေးခြင်းမခံရတာအားလုံးအသိဘဲဖြစ် ပါတယ်။ ဒါပေမဲ့ အခုပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ ကြိုဆိုထောက်ခံပွဲဆိုပြီး စစ်တပ် ကို လူပုံအလယ်မှာ တိုက်ခိုက်ပုတ်ခတ် လိုက်တဲ့ မင်းကိုနိုင် ရဲ့အကွက်ဟာ အင်မတန်မှ လှပလွန်းပါတယ်။ ဒီလိုအကွက်ကျကျတိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုတွေ ရှိနေ မယ်ဆိုတာ တွေးမိပါတယ်။ ဒီအခမ်းအနားမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ကိုယ်တိုင် အခမ်းအနားကို တက်ရောက်ပြီး စစ်တပ်ကို တိုက်ခိုက်ပုတ်ခတ်တဲ့ ပါဖောမန့် လုပ်ခဲ့မှု တွေကို လက်ခုပ်တီး၊ လက်ဆွဲနှုတ်ဆက်ကာအားပေးနေကတည်းက ဒီပွဲနဲ့ ဒီပြကွက်ဟာ ပူးပေါင်း ကြံစည်တိုက်ခိုက်မှုတစ်ခုဆိုတာ သိသာလွန်းပါ တယ်။ အခုနိုင်ငံမှာ ဖြစ်နေတာက အတိတ်သမိုင်းရဲ့ အဆိုး ရှာ နှိပ်ကွပ်မှုကို လက်ရှိစစ်တပ်ကလူတွေက လူးလှိမ့်ခံနေကြရတဲ့ ပုံမျိုးဖြစ်နေတယ်။

နိုင်ငံရဲ့ ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်နေတဲ့ စစ်တပ်ဟာ အခုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် တွေရဲ့ တိုက်ခိုက်မှု၊ အကြမ်းဖက်သမားတွေ ရဲ့ တိုက်ခိုက်မှုကို ခံနေရသလို၊ မြို့ပေါ်နေ အစိုးရ လက်ပါးစေ လူတစ်စုရဲ့ စော်ကားခြင်းကိုပါ ခံနေရတဲ့ ပုံစံမျိုးဖြစ်နေတာကိုတွေ့ရတယ်။ ဒါဟာ နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ သူပုန်နဲ့ အစိုးရပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေရင် ကြားထဲကပြည် သူတွေပဲ ပိုမိုဒုက္ခရောက်ဖို့ရှိတယ်ဆိုတာ တာဝန်ရှိသူတွေသိစေချင်ပါတယ်။ နောက်ကွယ်က ကြိုး ကိုင်ထောက် ပံ့မှုတွေနဲ့ ငြိမ်းချမ်းရေးခေါင်း စဉ်အောက်မှာ တိုင်းပြည် ပျက်စီးဖို့ ဦးတည်ပြီး စီးပွားရေးရော၊ နိုင်ငံရေးရော အမြတ်မထုတ်သင့်ပါ။ လူထုက ဒုက္ခရောက်လှ ပါပြီ။

#Min Tun
 

0 comments:

Post a Comment