Monday, January 29, 2018

ဦးကိုနီနှင့် ကိုနေဝင်းကို အမှန်တရားနှင့် တရားမျှတမှု၏ ဘက်တော်သားဟု ဒေါ်အောင်ဆန်းစုကြည် ချီးကျူး


‘သေဆုံးသူ ဦးကိုနီနှင့် ကိုနေဝင်းတို့သည် လူသာသေပြီး နာမည်မသေသူများဖြစ်ကြောင်း’ ၎င်း တို့နှစ်ဦး ကျဆုံးခြင်း (၁)နှစ်ပြည့် နှစ်ပတ်လည်အောက် မေ့ဖွယ်အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင် နှင်းဆီခန်းမတွင်ပြုလုပ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သဝဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ရန်ဆန္ဒရှိ သော်လည်း လုပ်ငန်းတာဝန်များကြောင့် မတက်ရောက် နိုင်ခြင်းကို နားလည်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် ဦးကိုနီကို လေးစားသမှုဖြင့် သဝဏ်လွှာအတွင်း ‘ဆရာဦးကိုနီ’ဟု ငါးကြိမ်တိုင် သုံး နှုန်းထားသည်။

၂၀၁၇ ဖေဖော်ဝါရီ ၂၆ ရက် က ပြုလုပ်သော ဦးကိုနီနှင့် ကိုနေ ဝင်း အောက်မေ့ဖွယ်အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် တက်ရောက်ခဲ့သည်။

 သေဆုံးသူ ဦးကိုနီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေအထောက်အကူပြုအ ဖွဲ့ဝင်ဖြစ်ပြီး အနယ်နယ်အရပ်ရပ် သို့ သွားရောက်ကာ ပြည်သူများ အား ဥပဒေရေးရာ အဖြာဖြာကို အသိပညာနှင့် ဗဟုသုတများ မျှဝေပေးခဲ့သူဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အတူ ကိုနေဝင်းသည် လည်း သမ္မာအာဇီဝကျကာ မိသားစုကို ရှာဖွေကျွေးမွေးနေသော အငှားယာဉ်မောင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် အမှန်တရားနှင့် တရားမျှတမှု၏ ဘက်တော်သားများအဖြစ် အသက်ပေးခဲ့ခြင်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဦးကိုနီလုပ်ကြံခံရမှု တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအ နားသို့ ဗြိတိန်၊ EU၊ အမေရိကန်၊ ဂျာမနီ၊ အိန္ဒိယနိုင်ငံများမှ သံရုံး အရာရှိများ၊ ဘာသာပေါင်းစုံငြိမ်း ချမ်းရေးအဖွဲ့မှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

‘‘ဒီနေ့ဆိုရင် တစ်နှစ်တင်း တင်းပြည့်ပြီဖြစ်ပါတယ်။ ဒီအမှု နဲ့ပတ်သက်လို့ မြင်နေ၊ ကြားနေရတဲ့ လက်ရှိမြေပြင်အခြေအနေ ဟာ အားရကျေနပ်စရာမရှိတာ ကြောင့် တရားမျှတမှုကို လိုလား တဲ့ ကျွန်တော်တို့ ပြည်သူတွေ အားလုံး ဒီအမှုနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်နေတဲ့ တရား ရုံး၊ တရားခွင်၊ တရားစီရင်ရေး တွေကို မျက်ခြည်မပြတ် စောင့် ကြည့်လေ့လာဖို့ လိုပါတယ်’’ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က အောက်မေ့ဖွယ် အခမ်းအနားတွင် အမှတ်တရ စကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

7Day

0 comments:

Post a Comment