Monday, January 29, 2018

သမ္မတဦးထင်ကျော် ကျန်းမာရေးအခြေအနေကြောင့် ရွှေကျင်သံဃာဂိုဏ်း အစည်းအဝေးသို့ မတက်ရောက်နိုင်ဟု သူရဦးအောင်ကို လျှောက်ထား


သမ္မတဦးထင်ကျော်အနေဖြင့် ရွှေကျင်သံဃာဂိုဏ်းအ စည်းအဝေး တက်ရောက်ကြည် ညိုလိုသော်လည်း ကျန်းမာရေးအခြေအနေအရ မတက်ရောက်နိုင်ခြင်းအပေါ် သည်းခံခွင့်လွှတ် တော်မူကြရန် ပြည်ထောင်စုဝန် ကြီး သူရဦးအောင်ကိုက သမ္မတ ကိုယ်စား ဆရာတော်ကြီးများအား တောင်းပန်လျှောက်ထားခဲ့ သည်။
မြန်မာနိုင်ငံတွင် ဂိုဏ်းဝင် သံဃာတော် ဒုတိယအင်အား အများဆုံး သံဃာဂိုဏ်းအဖွဲ့အ စည်းကြီးဖြစ်သည့် ရွှေကျင်ဂိုဏ်း ၏ အကြိမ်(၂၀)မြောက် သံဃာ့ အစည်းအဝေးကို ဇန်န၀ါရီ ၂၉ ရက်တွင် စတင်ကျင်းပခဲ့သည်။

 ‘‘နိုင်ငံတော်သမ္မတကြီးအ နေနှင့် တက်ရောက်ကြည်ညိုလို သော ဆန္ဒပြင်းပြစွာရှိခဲ့ပါသည် ဘုရား။ သို့သော်လည်း ကျန်းမာ ရေးအခြေအနေမပေးသော ကြောင့် မတက်ရောက်နိုင်ခြင်းကိုသည်းခံခွင့် လွှတ်တော် မူကြပါရန် သမ္မတကြီးကိုယ်စား တောင်းပန်လျှောက်ထားလိုပါတယ်’’ ဟု ၎င်းက လျှောက်ထား သည်။ နိုင်ငံတော်သမ္မတ၏ လှူဒါန်းငွေကိုမူ သူရဦးအောင်ကိုမှတစ်ဆင့် ဆရာတော်ကြီးများထံ ဆက်ကပ်ခဲ့ သည်။

 ရွှေကျင်သံဃာ့အစည်းအ ဝေးကို မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ ကျင်းပနေပြီး ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ရွှေကျင်ဂိုဏ်းဝင် ဆရာတော်ကြီး များ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ရုရှား၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဂျာမနီ၊ သီရိလင်္ကာ၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ်စသည့် ပြည်ပနိုင်ငံများ၌ သီတင်းသုံးနေသည့် ဆရာတော်များအပါအ၀င် သံဃာအပါး ၇၀၀ ကျော်တက်ရောက်လျက်ရှိသည်။

‘‘သာသနာပိုင်ရွေးတဲ့ကိစ္စ ကျတော့ လက်ရှိ သာသနာပိုင် ဆရာတော်ဘုရားကြီးကနေပြီး တော့ ရွေးရပါ တယ်။ ဘယ်ဆရာ တော်ကြီးတွေ ရွေးမလဲဆိုတာက သာသနာပိုင် ဆရာတော်ဘုရားကြီးရဲ့ ဆုံးဖြတ်တဲ့ အတိုင်းပဲ ရွေး ရတာဖြစ်ပါတယ်။ နောက်ထပ်နှစ်ပါးထပ်ရွေးရမှာပါ’’ဟု ရွှေကျင်နိကာယအကျိုးတော်ဆောင် ဆရာတော် အရှင်သိရီကဉ္စနာဘိဝံသ (ဗဟန်းမဟာဝိသုဒ္ဓါရုံတိုက်)က မိန့်ကြားသည်။

ရွှေကျင်သံဃာ့ဂိုဏ်း၏ ဖွဲ့ စည်းပုံအရ တွဲဖက်သာသနာပိုင် ဆရာတော်လေးပါးရှိရမည် ဖြစ်သည်။ လက်ရှိရွှေကျင်ဂိုဏ်းတွင် သာသနာပိုင် ဆရာတော်အဖြစ် ၀ိဇ္ဇောတာရုံ ဆရာတော်ကြီးက ဆောင်ရွက်နေ ကာ တွဲဖက်သာသနာပိုင်ဆရာတော်များအဖြစ် မန္တ လေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်း ဆရာ တော် ဘဒ္ဒန္တမာနိတသိရီဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရတို့က ဆောင်ရွက်နေ သည်။ လက်ရှိအစည်းအဝေးတွင် တွဲဖက်သာသနာတော်ပိုင် ဆရာ တော် နှစ်ပါးရွေးချယ်မည် ဖြစ် သည်။

ရွှေကျင်ဂိုဏ်း သံဃာ့အ စည်းအဝေးတွင် သူရဦးအောင်ကို နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က သာသနာရေးဆိုင် ရာလျှောက်ထားလွှာများကို တင် ပြရာတွင် အစိုးရအဖွဲ့အနေဖြင့် ထေရ၀ါဒဗုဒ္ဓသာ သနာပြု ဆရာ တော်များအတွက် ပစ္စည်းလေးပါးတို့ကို အစဉ်အမြဲထောက်ပံ့လှူဒါန်းမည်ဖြစ်ကြောင်း ကတိပြု  ပြောကြားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် သံဃာတော်များအတွက် လိုအပ်သော ပစ္စည်းလေးပါး ပံ့ပိုးမှုများအပြင် သာသနာတော်မြတ်ကြီး ဆက်လက်တည်တံ့ပြန့်ပွားနိုင်ရေး ဆက်လက်ဆောင် ရွက်နေကြောင်း သူရဦးအောင်ကိုကပြောသည်။

 သံဃာ့အစည်းအဝေးကို ဇန်န၀ါရီ ၃၁ ရက်အထိ သုံးရက် ကြာ ပြုလုပ်မည်ဖြစ်ကာ အစည်း အဝေးကာလ အတွင်း စာတမ်း ဖတ်ပွဲများ ပါဝင်မည်ဖြစ်ပြီး ရွှေကျင်ဂိုဏ်းမှ ထင်ရှားသည့် ဆရာတော်များ၏ အများသိသင့် သိထိုက်သည့် အချက်အလက်များကို ပြုစုတင်ပြခြင်း၊ ကျမ်းပြု ဆရာတော်များ၏ ဘွဲ့တော်နှင့် ပြုစုထား သည့်ကျမ်းများကို မှတ် တမ်းတင်ပြုစုခြင်းနှင့် ရွှေကျင် ဂိုဏ်းဆရာတော်များ၏ သြ၀ါဒ တစ်ပိုင်းတစ်စတို့ကို ထုတ်နုတ်၍ သြ၀ါဒပေါင်းချုပ်တစ်ရပ်အဖြစ် တင်ပြခြင်းတို့ ပါဝင်မည်ဖြစ် ကြောင်း ဆရာတော် အရှင်သိရီ ကဉ္စနာဘိဝံသက မိန့်ကြားသည်။

 ရွှေကျင်နိကာယသံဃာ ဂိုဏ်း၏ ဂိုဏ်းလုံးကျွတ်အစည်း အဝေးများကို သုံးနှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး (၁၉)ကြိမ်မြောက် အစည်းအဝေးကို ဓမ္မဒူတဆေကိန္ဒာရာမကျောင်းတိုက်တွင်ပင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအ တွင်း တရားဝင်ဖွဲ့စည်းထားသည့် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိပြီး သုဓမ္မာဂိုဏ်းသည် ဂိုဏ်းဝင်သံ ဃာအင်အား အများဆုံးဖြစ်ကာ ရွှေကျင်ဂိုဏ်း၊ မဟာဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်းတို့လည်း ဂိုဏ်းဝင် သံဃာအရေအတွက် များပြားသော ဂိုဏ်းများဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယက(မဟန) အဖွဲ့တွင် သုဓမ္မာဂိုဏ်းဝင် သံဃာအများအပြား ပါဝင်သည်။

သာသနာရေးရာ အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ နိုင်ငံတစ်ဝန်း သံဃာငါးသိန်းခန့်ရှိပြီး ရွှေကျင်ဂိုဏ်း ၀င်သံဃာအရေအတွက် ငါးသောင်းကျော်ရှိသည်။

သမ္မတသည် ၂၀၁၇ စက် တင်ဘာ ၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးစစ်မှုခံ ယူခဲ့ပြီး အူလမ်းကြောင်း၌ Col- onic Polyp တွေ့ရှိခဲ့သဖြင့် ခွဲ စိတ်ကုသမှု ခံယူခဲ့သည်။

ထို့အပြင် ဦးထင်ကျော်သည် ပြီးခဲ့သည့် ဇန်န၀ါရီနောက်ဆုံး ပတ်က ကျန်းမာရေးစစ်ဆေးမှုခံ ယူရန် စင်ကာပူနိုင်ငံသို့ သုံးရက် ကြာ သွားရောက်ခဲ့သည်။ သမ္မတ သည် ပုံမှန်ကျန်းမာရေးစစ်ဆေး ရန် သွားရောက်ခြင်းဖြစ်ပြီး ကျန်း မာရေးကောင်းမွန်ကြောင်း တာ ၀န်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။

7Day

0 comments:

Post a Comment