Sunday, January 28, 2018

YBS တံဆိပ်တပ်ယာဉ်လိုင်း ၁၀၀ ကျော်အထိသာ တိုးချဲ့ခွင့်ပြုမည်


ရန်ကုန်မြို့အတွင်း YBS တံဆိပ်တပ်ဆင်ပြေးဆွဲနေသည့် ယာဉ်လိုင်းကုမ္ပဏီများအနေနှင့် ယာဉ်လိုင်းနံ ပါတ်သစ် တိုးချဲ့ပြေးဆွဲခြင်းတွင် နံပါတ် ၁၀၀ ကျော်အထိသာ လက်ခံတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
“YBS ယာဉ်လိုင်းနံပါတ်က ၁၁၀ မကျော်ဘူး။ လမ်းကြောင်းက ၃၀ ရာခိုင်နှုန်းလောက်တူတာ လက်ခံနိုင်သေးတယ်။ ၅၀ ရာခိုင်နှုန်းလောက် တူနေတယ်ဆိုရင်တော့ လုံးဝလက်မခံဘူး။ စစ်မှုထမ်းဟောင်း များအဖွဲ့က ကားသစ်တွေနဲ့ ပြေးမှာဖြစ်လို့ သုံးလိုင်းကို ခွင့်ပြုပေးထားတယ်”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ယာဉ်လိုင်းနံပါတ်အသစ်ဖြင့် တိုးချဲ့ပြေးဆွဲရန် လူထုမိတ်ဆွေကုမ္ပဏီ၊ Power Eleven ကုမ္ပဏီ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ စသည်တို့ပါဝင်ပြီး တောင်းဆိုထားသည်ထဲမှ အချို့ကို ခွင့်ပြု ထားကာ ကျန်ယာဉ်လိုင်းများကို စိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လူထုမိတ်ဆွေကုမ္ပဏီက ကိုးလိုင်းတင်ပြထားတာ။ နှစ်လိုင်းပဲ ခွင့်ပြုပေးထားသေးတယ်။ ကျန်ကုမ္ပဏီတွေ လည်း ခွင့်ပြု၊ မပြုဆိုတာ စိစစ်နေဆဲမို့ အကုန်လုံးခွင့်ပြုမယ်လို့ ပြောလို့မရသေးဘူး။ လမ်းကြောင်းပေါ်မူ တည်ပြီးပဲ ခွင့်ပြုမှာပါ”ဟု ၎င်းက ဆိုသည်။

ယာဉ်လမ်းကြောင်း အသစ်တိုးချဲ့ ပြေးဆွဲရန် တင်ပြထားခြင်းမှာ ခရီးသည်များ၏ လိုအပ်ချက်အရ ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ပြီး ခွင့်ပြုခြင်း၊ မပြုခြင်းမှာ YRTA နှင့်သာ သက်ဆိုင်ပြီး ခွင့်မပြုပါက ပြေးဆွဲမည်မ ဟုတ်ကြောင်း၊ ယာဉ်လိုင်းနံပါတ်အနေနှင့်လည်း ချပေးသည့်နံပါတ်ဖြင့်သာ ပြေးဆွဲကြောင်း ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။

လက်ရှိပြေးဆွဲနေသည့် လမ်းကြောင်းများတွင် ခရီးစဉ်ပြောင်းလဲလိုက်ခြင်းများရှိသဖြင့် မူလပြေးဆွဲခဲ့သည့် လမ်းကြောင်းနှင့် လုံးဝကွဲပြားနေမှုများရှိပြီး ခရီးသွားပြည်သူများ လမ်းကြောင်းလွယ်ကူစွာ ရှာဖွေစီးနင်းနိုင် ရန် ခရီးစဉ်လမ်းညွှန်ချက်များ အသစ်ပြန်ရေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မထသ လက်ထက်က ယာဉ်လိုင်းပေါင်း ၃၃၀ ကျော်ရှိခဲ့ပြီး ယာဉ်လိုင်းများ မလိုအပ်ဘဲ ဖောင်းပွကာ လိုင်းကြောင်းတူ ယာဉ်လိုင်းများအနေနှင့် ပြိုင်မောင်းခြင်း၊ လုမောင်းခြင်းများ ရှိသည်။

အဆိုပါယာဉ်လိုင်းများကို လျှော့ချရန်၊ ယာဉ်စည်းကမ်းထိန်းသိမ်းနိုင်ရန် YBS စနစ်ကို ပြောင်းလဲခဲ့ရာ လက်ရှိ YBS ယာဉ်လိုင်းပေါင်း ၉၃ လိုင်း ရှိနေပြီး ထပ်မံတိုးချဲ့ပြေးဆွဲမည့် ယာဉ်လိုင်းများလည်း ကျန်ရှိနေသေးသည်။

Thfe Voice

0 comments:

Post a Comment