Wednesday, January 24, 2018

ဘင်္ဂါလီမွတ်စလင် အကျပ်အတည်း အကြံပေးအဖွဲ့သည် ဖုံးဖိမှုကို ဆောင်ရွက်နေကြောင်းနှင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်သိက္ခာရှိသော ဦးဆောင်နိုင်မှု မရှိဟု စွပ်စွဲပြောကြားခဲ့ပြီး နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ရစ်ချက်ဆင် အကြံပေးအဖွဲ့မှ ရုတ်တရက် နုတ်ထွက်


အမေရိကန်၏ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆင်သည် ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် အကျပ်အတည်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့မှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပြီး ယင်းအကြံပေးအဖွဲ့သည် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ဖုံးဖိပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အကြံပေးအဖွဲ့တွင် သြဇာအကြီးဆုံး ၀ါရင့်အမေရိကန်နိုင်ငံရေးသမားနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် မိတ်ဆွေတစ်ဦးဖြစ်သည်ဟု ယူဆခံရသည့် ရစ်ချက်ဆင်က ရုတ်တရက် နုတ်ထွက်မှုသည် ဘင်္ဂါလီမွတ်စလင် အကျပ်အတည်းကို တိုင်ပင်ဖြေရှင်းရန် ကြိုးပမ်းနေသော အပြည်ပြည်ဆိုင်ရာ အကြံပေး အဖွဲ့၏ ကြိုးပမ်းမှုများအား လေးနက်သောမေးခွန်းများ ပေါ်ပေါက်စေခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်းဖြစ်ပြီး သမ္မတဘီလ်ကလင်တန်၏ စွမ်းအင်ဝန်ကြီး ဖြစ်ခဲ့သော ရစ်ချက်ဆင်က ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များကို ရိုးသားစွာ ရှုမြင်ရမည့်အစား ယင်းအကျပ်အတည်းအတွက် ပြင်ပလူများကို အပြစ်တင်ခဲ့ခြင်းအတွက် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment