ကရင်ပြည်နယ် ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာမှာ ဇန်န၀ါရီ ၂၃ ရက် မွန်းတည့်၁၂ နာရီလောက်က မူးယစ်ဆေးဝါးရောင်းချနေသူတွေကိုသွားရောက်ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး မူးယစ်ဆေး ၀ါးတွေနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ သတင်းအရ သိရပါတယ်။
ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ BGFနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ဦးနဲ့အတူ မူးယစ် ဆေးဝါးရောင်းချတဲ့ KNU/KNLA(PC) ဗျူဟာ(၂)၊ ရင်း (၇၀၈)မှ တပ်ဖွဲ့ဝင် ၃ ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘားအံဆေးရုံကြီးမှာ ဆေးကုမှုခံယူနေရပါတယ်။
ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဦးစောချစ်ဝင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကို ဆက်လက် ပို့ဆောင်ပြီး ဆေးဝါးကုသပေးနေရပါတယ်။
မူးယစ်ဆေးဝါးရောင်းချသူ KNU/KNLA(PC)ဗျူဟာ(၂) ၊ ရင်း(၇၀၈) မှ ဗိုလ်ကြီးအဆင့်ရှိ စောလွှီညွှန့်(ခ) နဂါး(ခ) လက်ညိုးအပါအ၀င် တပ်ဖွဲ့ဝင်(၇)ဦး၊ အမျိုးသမီး(၃)ဦးနဲ့အတူ စိတ်ကြွမူးယစ်ဆေးပြား ၆၀၀၀ကျော် ကာလတန်ဖိုး ကျပ်(၁၈၃) သိန်းကျော်၊ မော်တော်ယာဉ် ၁ စီး၊ အမ် ၁၆ (၄)လက် ၊ ကျည်အိမ်တို/ရှည် ၂၄ ခု၊ ၅ ဒဿမ ၅၆ ကျည်(၂၉၂) တောင့်၊ ၄၀ မမ ဗုံးပစ်လောင်ချာ(၁)လက်၊ ဗုံးသီး(၂၄)လုံး၊ ဒဿမ၂၂ ပြောင်းရှည် (၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၅) တောင့်၊ ဒဿမ၃၀ ကာဘိုင်ကျည်(၁၂၇)တောင့်၊ ကာဘိုင် ကျည် အိမ်တို/ရှည်(၇)ခုကို ဖမ်းဆီးရမိခဲ့ပါတယ်။
စောလွှီညွှန့် (ခ) နဂါး(ခ)လက်ညိုးကို KNU/KNLA(PC)တပ်ဖွဲ့က ၂၀၁၅ ခုနှစ်တုန်းက မြ၀တီမြို့ ရွှေဆိုင် ဓားပြတိုက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့အပြီးထုတ်ပယ်ပြီး ဖြစ်သလို သက်ဆိုင်ရာက အလိုရှိနေတဲ့တရားခံ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သတင်း – ရဲမင်းခေါင်
DVB
0 comments:
Post a Comment